Ep-1

1.1K 159 3
                                    

Unicode

စစ်ပွဲကြီးပြီးလို့ ကျောင်းပြန်တက်တဲ့အချိန်ဟာ Harry တစ်ယောက်အတွက်တင်မဟုတ် အကုန်လုံးခက်ခဲခဲ့ကြပါတယ်။အဲ့ထဲမှာ ဗီလိန်အဖြစ် လူအများသိကြတယ့် Draco malfoy လည်း အပါဝင်ပေါ့...

ကျောင်းပြန်တက်တဲ့အချိန် Draco ကို လူအချို့ကတော့ Dumbledore ကို သတ်ခဲ့တဲ့လူအဖြစ် အမြင်စောင်းနေကြဆဲပါ။တချို့ကြတော့လည်း နားလည်ပေးလိုက်ကြပါတယ်။ Harry တို့အဖွဲ့လည်း
နားလည်ပေးလိုက်ကြပါတယ်...ခွင့်လွှတ်တာတော့မဟုတ်ပေမယ့်ပေါ့.....

ကျောင်းစတက်ကတည်းက Draco ဟာ Harry တို့ကို အနိုင်လည်း မကျင့်တော့သလို၊တစ်ယောက်တည်း
ဘဲ အေးဆေးနေပြီး၊လူတွေနဲ့လည်း သိပ်ပြီး စကားမပြောတော့။

အစကတော့ Harry တို့လည်း ထူးဆန်းတယ်လို့ထင်ပေမယ့်၊ ဖြစ်ခဲ့တယ့် အဖြစ်ပျက်တွေ ပြန်စဥ်းစားရင်တော့လည်း မထူးဆန်းတော့ပါဘူး။ဖြစ်သင့်လို့ဖြစ်သွားတယ်ဘဲ မှတ်လိုက်ကြတာပေါ့....

ကျောင်းတက်ပြီး လလယ်လောက်ရောက်တော့ Draco မူပျက်နေတာကို Harry တဖြည်းဖြည်း သတိထားမိလာတယ်။

သူနဲ့လမ်းမှာတွေ့ရင် သူ့ကိုရှောင်သွားတာတို့၊သူအစာစားနေတဲ့အချိန် သူ့ကိုမျက်တောင်မခတ်ကြည့်နေတာတို့၊စာသင်ချိန်မှာသူ့ကို တစ်ချက်တစ်ချက်ကြည့်နေတာတို့ပေါ့။တစ်ခါတစ်လေဆို အတန်းမတက်ဘဲ တစ်နေကုန် သူ Dumbledore ကို သတ်ဖို့
လုပ်ခဲ့တယ့် tower မှာ ထိုင်နေတာကို တွေ့ရတယ်။

ဒါတွေကို Harry သတိထားမိပေမယ့် ကြာလာတော့လည်း... ဘာမှမဟုတ်သလို နေတတ်လာတာ ခုဆို ကျောင်းတောင်ပြီးတော့မယ်။

ဒါပေမယ့် ဒီနေ့တော့ Harry တစ်ခုခုလိုနေတယ်လို့ခံစားမိတော့ slytherin စားပွဲဖက်ကိုကြည့်ပြီး တစ်စုံတစ်ယောက်ကို ထပ်ရှာနေမိတယ်။

အမှန်တော့ ဒီနေ့တစ်နေကုန် Draco ကို သူမတွေ့ရသေးပါ။ မနက်စားစာချိန်ကသူကြည့်တော့လည်း Draco ကိုစားသောက်ခန်းမှာမတွေ့၊ အတန်းထဲမှာလည်း မတွေ့၊ Tower ဘက်ကို သွားရှာကြည့်ပေမယ့်လည်း မတွေ့၊ ခုနေ့လည်စားစားချိန်တောင် ရောက်နေပြီ ခုထိမတွေ့သေးဘူး။

𝗘𝗡𝗘𝗠𝗬Onde histórias criam vida. Descubra agora