Ep - 8

701 132 10
                                    

Unicode

"တင်း.. တောင်..."

ခေါင်းလောင်းတီးသံကြားတာကြောင့် Ron တို့လာပြီဆိုတာ Harry သိလိုက်တယ်။

"မိုးရွာနေတယ်... မြန်မြန်မီးဖိုနားသွားလိုက်"

တံခါးဖွင့်ပေးလိုက်တော Ron နဲ့ Hermonie တို့ မိုးနည်းနည်းစိုနေတဲ့ ပုံကြောင့် မီးဖိုနား သွားခိုင်းလိုက်တယ်။ မိုးကလည်း ဒီနေ့ကြမှ ရုတ်တရတ်ကြီး သည်းသည်းမည်းမည်းရွာချရတယ်လို့။

"မင်းတို့ ဒီနေ့.. ဒီမှာ အိပ်မှာမလားဟင်.."

"အင်း.. ငါတို့ အိပ်မယ်လေ"

Harry ရဲ့ မျက်နှာငယ်နဲ့ တောင်းဆိုပုံကြောင့် Hermonie လက်ခံပေးလိုက်တယ်။ Harry က မိုးချိန်းလို့ တစ်ယောက်တည်းဖြစ်နေရင် သိပ်ကြောက်တတ်တာလေ။ သူတို့မရှိရင် ကော်ဖီဆိုင် or ဘားတစ်ခုမှာ ညလုံးပေါက်သွားထိုင်နေတတ်တယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခန်းရဲ့ ထောင့်မှာ ကုပ်ကုပ်လေးထိုင်ပြီး မိုးရပ်တာကို စောင့်နေတတ်တယ်။

"ငါ ကော်ဖီဖျော်ပေးမယ်.. စောင့်နေကြဦး"

"အင်း..."

Harry နှစ်ယောက်အတွက် ကော်ဖီဖျော်ဖို့ မီးဖိုချောင်ကိုထွက်လာလိုက်တယ်။ ရှေ့က နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်ခုခုကို စိတ်မကောင်းသဖွယ် အမူရာများနဲ့ မီးဖိုထဲက တောက်လောင်နေစ မီးကို ကြည့်ပြီး စဥ်းစားနေကြတယ်။

"ရပြီ... ရော့ နည်နည်းတော့ ပူသေးတယ်.."

Harry ကော်ဖီနှစ်ခွက်ကို ချပေးပြီး အတူတူ မီးဖိုဘေးနား ဝင်ထိုင်လိုက်တယ်။

"Harry အမှန်တော့ ငါတို့ နင့်ကို ပြောစရာရှိလို့"

Hermonie ကစကားစလိုက်တယ်။

"အင်း.. ပြောလေ ငါလည်း မင်းတို့ပြောမှာ စောင့်နေတာ ဘာကိစ္စလဲ"

Hermonie က Ron ကို ကြည့်လိုက်တယ်။

"Ron သူ့အလုပ်ကနေသိလာတဲ့ သတင်းပါ...အဲ့ သတင်းက လူအနည်းငယ်လောက်ဘဲ သိကြတာ.. ငါပြောရင် နင် အရမ်းတော့ မလန့်သွားနဲ့နော် Harry"

"အင်း..ပြောမှာသာပြောကြပါကွာ ဘာများမလို့လဲ"

Harry ရဲ့ပြုံးပြီး ပြောနေတဲ့ မျက်နှာလေးကြောင့် Hermonie ပြောရမှာစိတ်မကောင်းပြီး အခက်တွေ့နေတယ်။ Ron ကိုတစ်ချက်ကြည့်ပြီး ရှင်ပြောလိုက် ဆိုတဲ့ အမူရာနဲ့ပြလိုက်တယ်။ Ron လည်း အလိုက်သိစွာနဲ့ဘဲသက်ပြင်းတစ်ချက်ချလိုက်ပြီး

𝗘𝗡𝗘𝗠𝗬Where stories live. Discover now