Ep - 7

705 127 8
                                    

Unicode

ခုဆိုရင် Harry တို့ ကျောင်းပြီးသွားခဲ့ပါပြီ။ Harry အတွက်တော့ တစ်နှစ်လုံး Draco ကို လွမ်းတဲ့စိတ်တွေနဲ့ဘဲ ဖြတ်သန်းခဲ့ရတာပေါ့။ ခု Harry ဖြစ်ချင်တဲ့ Aurora တစ်ယောက်လည်း ဖြစ်နိုင်ပါတော့မယ်။

Harry သူ့နှလုံးသားကို နားမလည်တဲ့ အချိန်တုန်းကတော့ ကျောင်းပြီးရင် Aurora ဖြစ်အောင်လုပ်မယ်၊
Jinny နဲ့ လက်ထပ်ပြီး ကလေးတွေမွေးမယ်၊ ပြီးတော့အိမ်ထောင်ဦးစီးကောင်းပီသစွာ မိသားစုနဲ့အတူ သူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားပေမယ့်....။

ခုတော့ Aurora ဖြစ်အောင်လုပ်မယ်ဆိုတာတော့ မပြောင်းလဲသွားပေမယ့် နောက်ပိုင်းကိစ္စတွေကတော့ အကုန်ပြောင်းလဲသွားခဲ့ပြီ။ ဘာလို့ဆိုတော့ သူ သူ့ဘဝတစ်လျှောက်လုံး Draco မပြန်မလာချင်းစောင့်နေမယ်ဆိုတဲ့ အရာကို ဆုံးဖြတ်လိုက်လို့ဖြစ်တယ်။ နှလုံးသားကို နားလည်ပြီး နောက်မှာပေါ့။

Draco မင်းတစ်နေ့တော့ ငါ့ဆီပြန်လာမယ်ဆိုတာ ငါယုံကြည်တယ်။ အကယ်၍ မင်းပြန်မလာဘူးဆိုရင်တောင် ငါက လိုက်လာမှာမလို့ဘဲ။ ငါတို့နှစ်ယောက်ပြန်တွေ့ကို တွေ့ရမယ်။ ဘာလို့လဲဆိုတော့ ငါ့နှလုံးသားက မင်းကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့လို့ဘဲ။

ငါ့တို့ ဝေးကွာနေမယ် ဆိုရင်တောင် ချစ်ခြင်းကတော့ မပြောင်းလဲသွားနိုင်ဘူးဆိုတာ ငါယုံကြည်နေမယ်။
မင်းသာပြန်လာခဲ့ပါ Draco....။
.
.
.
.
.
.
.
.
ခုနှစ်နှစ်ကြာပြီးနောက်

"ဟင့်အင်း.. မသွားပါနဲ့ ထပ်ပြီးတော့ ထွက်မသွားပါနဲ့ကွာ.. ငါ..ငါတောင်းပန်ပါတယ်"

အိပ်ရာထဲ ချွေးတွေ၊ မျက်ရည်တွေကျပြီး ပါးစပ်ကလည်း တစ်စုံတစ်ယောက်ကို ထွက်မသွားဖို့ ပြောနေပုံရတဲ့ လူတစ်ယောက်....။

Harry တစ်ယောက်အိမ်မက်ထဲမှာ Draco ကို မက်နေခဲ့တယ်။ Draco ကိုအနှစ်နှစ်လလ စောင့်နေတဲ့ သူ့အတွက်တော့ ထိတ်လန့်စရာ အိမ်မက်တစ်ခုပါဘဲ။

အိမ်မက်ထဲမှာ Draco က သူ့ကို ထပ်ထားသွားပြန်တယ်။ ဒါပေမယ့် ဒီတစ်ခေါက် မတူညီတာတစ်ခုက Draco ဘေးမှာ မိန်းကလေးတစ်ယောက်ပါနေခဲ့တယ်။
မျက်နှာကို သေချာမမြင်ရပေမယ့် အဲ့ မိန်းကလေးက သူ Draco ကို မျှော်နေတဲ့ မျှော်လင့်ချက်တွေအကုန် ရိုက်ချိုးပစ်မဲ့ လူတစ်ယောက်လို့ သူထင်မိတယ်။
တကယ်ဘဲ မင်းကဘယ်သူလဲကွာ။

𝗘𝗡𝗘𝗠𝗬Where stories live. Discover now