Chubby Cheeks #5

3.5K 379 18
                                    

14,06,2021

Zawgyi

* Inspire from " Chubby Love " Kookjin FF *

After you read this episode,
Can you pls give me vote?

Seokjin မောဟိုက်နေတဲ့ရင်ဘက်ကို လက်ကလေးဖြင့်အသာဖိကာ ကျောင်းဝန်းထဲသို့ဝင်လိုက်တဲ့အချိန်မှာဘဲ သူ့ကိုလှောင်ပြောင်နေကြတဲ့ လူအချို့ရဲ့ တီးတိုးစကားသံတွေ ရယ်မောသံတွေကိုကြားလိုက်ရသည် Seokjin ဘယ်လိုဘဲလျစ်လျူ ရှုဖို့ကြိုးစားကြိုးစား သူ့ကိုဟားတိုက်နေကြတဲ့ သူအခ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Seokjin မောဟိုက်နေတဲ့ရင်ဘက်ကို လက်ကလေးဖြင့်အသာဖိကာ ကျောင်းဝန်းထဲသို့ဝင်လိုက်တဲ့အချိန်မှာဘဲ သူ့ကိုလှောင်ပြောင်နေကြတဲ့ လူအချို့ရဲ့ တီးတိုးစကားသံတွေ ရယ်မောသံတွေကိုကြားလိုက်ရသည် Seokjin ဘယ်လိုဘဲလျစ်လျူ ရှုဖို့ကြိုးစားကြိုးစား သူ့ကိုဟားတိုက်နေကြတဲ့ သူအချို့ရဲ့ပုံရိပ်တွေက ပျောက်ကွယ်မသွားပေ

Kim Seokjin အသက် ၁၈နှစ် အထက်တန်းကျောင်းသားတစ်ယောက် ကျောင်းထဲက ကျောင်းသား ကျောင်းသူတွေကတော့ သူ့ကို fatty, piggy စသဖြင့် အမျိုးမျိုးလှောင်ပြောင်ပြီး ခေါ်ကြတယ် တကယ်တော့ Seokjin က အဲ့လိုခေါ်ရလောက်တဲ့အထိဝလွန်းနေတာမဟုတ်သလို ရုပ်ဆိုဆိုးကျောင်းသားတစ်ယောက်လည်း မဟုတ်! သူ့မှာချစ်ဖို့ကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့ အနည်းငယ်ဆူထွက်နေတဲ့ဗိုက်ကလေးဘဲရှိတာပါ သူ့ကိုအားလုံးက Bully လုပ်နေတဲ့အချက်က တစ်ကျောင်းလုံးရဲ့ နံပါတ် ၁ အားကစားမှာရော စာမှာသာမက ရုပ်ရည်မှာပါ အပြစ်ပြောစရာမရှိတဲ့ Vice President Jeon Jungkook က သူ့ရဲ့ချစ်သူဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်
Seokjin အနေနဲ့ဘယ်လိုဘဲ diet လုပ်ဖို့ကြိုးစားကြိုးစား Jungkook ကအမြဲတားနေခဲ့သည် သူ့ရဲ့ပါးဖောင်းဖောင်းလေးတွေ အိပ်ရေးပျက်ပြီး နဲနဲပိန်ကျသွားရင်တောင် အတန်းချိန်မှာ သူ့အစားစာတွေကူးပေးပြီး အိပ်ရေးဝအောင်အိပ်ခိုင်းတဲ့အပြင် ဈေးကြီးတဲ့အစားကောင်းတွေကို အမြဲဝယ်ကျွေးတတ်တဲ့ Jungkook ကြောင့် သူဝိတ်ကျဖို့ဆိုတာမဖြစ်နိုင်
Seokjin အောက်ကလမ်းမကိုသာစိုက်ကြည့်ပြီး လမ်းလျှောက်နေစဉ် သူ့ရှေ့ကိုလာရပ်တဲ့ ခြေအစုံကြောင့် မော့ကြည့်မိလိုက်တော့ သူသဘောကျရတဲ့ bunny smile လေးဖြင့် ပြုံးပြနေတဲ့ သူ့ရဲ့ချစ်သူကောင်လေးကြောင့် Seokjin စိတ်တို့ပြန်ပြီးတက်ကြွလာရသည်

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now