Can't let you go #13

3.2K 298 11
                                    

07.09.2021

Unicode

After you read this episode,Can you pls give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

After you read this episode,
Can you pls give me vote?

" Seokjin "

" Hmm.. Hyung.. "

ကျောင်းတံခါးကိုမှီကာ ပတ်ဝန်းကျင်ကို စိတ်လွတ်လက်လွတ်ငေးနေတဲ့ Seokjinသည် သူ့နာမည်ကို ခေါ်တဲ့အသံကြားလိုက်တဲ့အချိန်မှာတော့ အသံလာရာဆီသို့ ပြေးသွားလိုက်ကာ ခပ်ချွဲချွဲလေးအသံပြုလိုက်လေသည်

" စောင့်ရတာကြာသွားလား တောင်းပန်ပါတယ် meetingက နောက်ကျနေလို့.. "

Seokjin သူ့အတွက်အသင့်ဖွင့်ပေးထားတဲ့ ကားထဲသို့ဝင်ထိုင်လိုက်ကာ seat belt ကိုမဝတ်သေးဘဲ စောင့်နေလေသည် အထဲဝင်လာတဲ့သူက Seokjin အခုထိ ဒီတိုင်းထိုင်နေတာကြောင့်

" Seokjin! အမြဲတမ်း seatbelt ဝတ်ဖို့ပြောနေရတုန်းဘဲလား "

" Hyung လုပ်ပေး.. "

Seokjin စကားကြောင့် ပြုံးယောင်သန်းသွားသည့် နှုတ်ခမ်းပါးတစ်စုံနှင့်သူသည် Seokjin ရဲ့ အစ်ကိုဖြစ်သူ Jeon Jungkook
Seokjin အသက်၇နှစ်အရွယ်တွင် ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ မွေးစားခြင်းကိုခံခဲ့ရသည် သားတစ်ယောက်ထဲသာရှိသော ထိုမိသားစုသည် Seokjinကို သားအရင်းသဖွယ်ချစ်မြတ်နိုးကြပါသည် Seokjinထက် ၇နှစ်နီးပါ ပိုကြီးသော Jungkookသည်လည်း Seokjin အပေါ် ချစ်မြတ်နိုးခဲ့ပါသည် ညီအစ်ကိုသံယောဇဉ်ထက်ပိုတဲ့ အချစ်တွေနဲ့ပေါ့... သို့ပေမယ့် ဖွင့်ပြောလို့မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ရင့်ကျက်တဲ့ Jungkookသည် ခံစားချက်ကို ဖုံးကွယ်နိုင်ပေမယ့် အခုမှ၁၈ပြည့်ပြီး ခံစားလွယ်တတ်တဲ့ Seokjinမှာ Jungkookလို ဟန်ဆောင်မကောင်းပေ

" Hyung "

" imm "

" ဒီနေ့ ကျတော့်ကိုစာကူလုပ်ပေးနော် "

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now