You're my Heartbeat #8

3.9K 337 25
                                    

15.07.2021

Zawgyi

Request by......

Requests are still open!!

After you read this eposide,
Can you pls give me vote?

Jungkookရဲ့ မျက်လုံးအထိဖုံးအုပ်နေတဲ့ ဆံပင်တို့ကြောင့် Seokjin အိပ်ယာပေါ်တွင်တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး နဖူးအထိသပ်တင်ပေးလိုက်သည် ငြိမ်သက်စွာအိပ်ပျော်နေရာမှ လူးလှိမ့်လာတာကြောင့် ပါးပြင်ကိုတစ်ချက်နမ်းလိုက်ကာ နားရွက်အနားသို့ကပ်လိုက်ပြီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jungkookရဲ့ မျက်လုံးအထိဖုံးအုပ်နေတဲ့ ဆံပင်တို့ကြောင့် Seokjin အိပ်ယာပေါ်တွင်တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး နဖူးအထိသပ်တင်ပေးလိုက်သည် ငြိမ်သက်စွာအိပ်ပျော်နေရာမှ လူးလှိမ့်လာတာကြောင့် ပါးပြင်ကိုတစ်ချက်နမ်းလိုက်ကာ နားရွက်အနားသို့ကပ်လိုက်ပြီး

" ထတော့နော် မောင်... နောက်ကျနေပြီ "

" ၅မိနစ်ဘဲ.. "

" ဘာကို၅မိနစ်လဲ ပြီးရင်မိနစ်၅၀လောက် အိပ်နေတာများ... ထတော့ နောက်ထပ်မပြောဘူး "

Seokjin အခုထိအိပ်နေတဲ့Jungkook ကိုယ်ပေါ်က စောင်ကိုဆွဲဖယ်လိုက်ကာ အဝတ်မပါဘဲအိပ်တတ်တဲ့အကျင့်ရှိတဲ့Jungkookကြောင့် တင်ပါးတစ်ဖက်ကို အသံမြည်သည်အထိအားပြင်းပြင်းဖြင့်ရိုက်ပြီး ထွက်လာခဲ့လေသည်
Seokjinရဲ့ ပြင်းထန်တဲ့ရိုက်ချက်ကြောင့် Jungkook ညည်းညူမိ​လိုက်သည် သို့ပေမယ့် မထသေးဘဲပေပြီးအိပ်နေစဉ် တံခါးဖွင့်သံနှင့်အတူ ပြေးဝင်လာတဲ့ခြေသံလေးကြောင့် Seokjinဆွဲဖယ်ထားတဲ့စောင်ကို ခပ်မြန်မြန်ယူကာဆွဲခြုံလိုက်ရသည်

" DaDa DaDa ထပါတော့ "

မမှီတမှီဖြင့် ကုတင်ပေါ်သို့တက်လာတဲ့ သားဖြစ်သူသည် ၃နှစ်ပြည့်ပြီးကာစမို့ စကားသံလေးမပီတပီဖြင့် သူ့ကိုလှုပ်နှိုးနေသည်ကို Jungkook ဆွဲဖက်လိုက်ပြီး

" မိပြီကွ "

" Ahhh.. DaDa လွှတ်ပါ.. အာ..ဟားဟား.. Appaက ရိုက်လိမ့်မယ် DaDa.. "

T͜͡h͜͡e͜͡ O͜͡n͜͡e͜͡s͜͡h͜͡o͜͡t͜͡  (𝑲𝒐𝒐𝒌𝑱𝒊𝒏 𝑶𝒏𝒍𝒚)Where stories live. Discover now