Ep-2

144 14 0
                                    

Unicode                   

                      အခန်း(၃)

     “P... Monအိမ်ကိုခဏလောက်လာခဲ့လို့ရလား”

     Monအရေးတကြီးဖုန်းဆက်လာတာကြောင့် Pလည်း အလျင်အမြန် Monအိမ်ဘက် ကူးလာခဲ့သည်။ Monအိမ်ရှေ့ရောက်တော့ Monကအိမ်ပေါက်ဝကဆီးကြိုရင်း

     “P လန့်မသွားနဲ့နော်”

     “ဘာလို့လဲ Mon”

     “လာ အိမ်ထဲလိုက်ခဲ့”

     အကျိုးအကြောင်းသေချာမရှင်းပြသေးဘဲ အိမ်ထဲလာဆိုပြီးဝင်သွားသော Monနောက်မှ Pလည်း ယောင်ချာချာနှင့် လိုက်လာသည်။ အိမ်ထဲရောက်တော့ မထင်မှတ်ထားသောသူကို Pတွေ့လိုက်ရသည်။ OceanမှာMonတိုက်မိခဲ့သောသူ…. ဟုတ်ပါတယ် သူမှသူအစစ် ပါးချိုင့်ကိုသေချာမှတ်မိနေသည်။ ရန်ဖြစ်ခဲ့သည်မှာ တစ်လခန့်ကြာသွားသော်လည်း P သူ့ကိုမြင်တော့ တစ်ကိုယ်လုံးပူနွေးလာကာ ဘာရယ်ကြောင့်မှန်းမသိ စိတ်တိုလာမိတာမို့ မျက်နှာတည်နေမိသည်။

     “ထပ်တွေ့ပြန်ပြီနော်”

      သူက Pကို ပြုံးစိစိမျက်နှာပေးဖြင့်လှမ်းနှုတ်ဆက်သည်။

     “သားPနဲ့လည်းသိတယ်လား ကောင်းတာပေါ့ Pနဲ့ Monက အလယ်တန်းလောက်ကတည်းက မောင်နှမအရင်းအချာတွေလိုနေလာတဲ့ သူငယ်ချင်းတွေလေ”

     Monမေမေပြောစကားကြောင့် Pအသာပြုံးပြရင်း Monနှင့်အတူ ဝင်ထိုင်လိုက်သည်။ ထိုသူ့ဆီကိုတော့ မျက်စောင်းတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ့မိဘတွေနှင့် Monမိဘတွေက ငယ်သူငယ်ချင်းတွေဖြစ်နေသည်။ သူ့မိဘတွေက လက်ဆောင်ပစ္စည်းပေးခိုင်း၍ Monအိမ်သို့ သူရောက်လာခြင်းဖြစ်သည်။

     “သားPနဲ့သမီးMon ဒီက သားက မေမေတို့ရဲ့ ငယ်သူငယ်ချင်းရဲ့ သားပဲ၊ သူက ရန်ကုန်ကနေ အထက်တန်းဖြေလာတာ၊ တက္ကသိုလ်ဝင်ခွင့်မဖြေရခင် သူ့အစ်ကိုရှိတဲ့ ဒီမြို့လေးကိုအလည်လာရင်း သင်တန်းတွေတက်ချင်လို့တဲ့၊ သားနဲ့သမီးတို့ သူ့ကိုသင်တန်းခေါ်သွားပေးလိုက်ဦးနော်”

     Monမေမေစကားကြောင့် P သူ့ကိုမျက်လုံးလှန်ကြည့်ပြီး စိတ်မပါတပါ ခေါင်းငြိမ့်ပြလိုက်သည်။ Monကတော့ သဘောကောင်းသူပီပီ

အချစ်ဝင်္ကဘာလမ်းဆုံWhere stories live. Discover now