Ep-4

114 8 0
                                    

Unicode

                    အခန်း(၇)

     “P...Monအိမ်ကိုခဏလာခဲ့ပါဦး”

     Monဖုန်းဆက်ခေါ်တာကြောင့် P အဝတ်အစားလေးလဲကာ ထွက်လာခဲ့သည်။ Monအိမ်ရှေ့မှာ Billkinအစ်ကို၏ကား ရပ်ထားသည်ကို တွေ့ရသည်။ အိမ်ထဲရောက်တော့ Billkinနှင့်သူ့အစ်ကိုအပြင် ဦးလေးကြီးတစ်ယောက်နှင့် အန်တီကြီးတစ်ယောက်ကိုလည်း Pတွေ့ရသည်။ Monက Pကိုမြင်တော့ထိုင်ရာမှထလာသည်။

     “P လာလေ Monအခန်းထဲခဏသွားရအောင် ပြောစရာရှိလို့”

     ထိုင်နေတဲ့ ဧည့်သည်တွေကို အသာပြုံးပြပြီး Mon...Pလက်ကိုဆွဲကာ အခန်းထဲသို့ ခပ်သွက်သွက်သွားတော့သည်။

     “Mon ဘာဖြစ်တာလဲ Pကိုပြောလေ”

     မျက်နှာလေးဖြူလျော်ကာ ကြောင်တိကြောင်ကန်းဖြစ်နေသည့် Monကိုကြည့်ပြီး Pမေးလိုက်သည်။ Monက မျက်လုံးအဝိုင်းသားနှင့် Pကိုမော့ကြည့်ရင်း

     “ဟိုလေ P အိမ်ရှေ့မှာထိုင်နေတာ BKမိဘတွေ သူတို့က ဒီကိုလာလည်ရင်း Monနဲ့ BKကို စေ့စပ်ပေးကြမလို့တဲ့”

     Monစကားအဆုံးမှာ Pခေါင်းထဲ ဟာလာဟင်းလင်းဖြစ်သွားသည်။ ရုတ်တရက် အသက်ရှူမဝသလို ခံစားလာရသည်။ လေကိုကြိုးစားရှူရင်း Monကို P မရဲတရဲ မေးလိုက်သည်။

    “Mon....Kinကိုကြိုက်လား”

     “အင်း Mon....BKကိုကြိုက်တယ်”

     Monအဖြေကြောင့် Pချက်ချင်းအဖျားတက်သလို ခံစားလာရသည်။ ဝဲလာသောမျက်ရည်စတို့ကို အသာထိန်းရင်း

     “ဒါဆို Monဘာလို့Pကိုပြောနေသေးလဲ လက်ခံလိုက်လေ”

     “Monက Pသဘောထားကိုသိချင်လို့ပါ၊ Pရောဘယ်လိုထင်လဲ Monနဲ့BK လိုက်ဖက်လားဟင်”

     Monမေးခွန်းအဆုံးမှာ တားဆီးမရနိုင်တော့တဲ့ မျက်ရည်တို့ Pမျက်ဝန်းမှစီးကျလာတော့သည်။

    “ဟင် Pဘာဖြစ်လို့လဲ Monကိုပြော”

     “ဘာမှမဖြစ်ပါဘူး Mon.... Pသူငယ်ချင်းနှစ်ယောက်အတွက် Pပျော်လို့ပါ”

     “ဪ ဘာများလဲလို့Pရယ်”

     "Pပြန်တော့မယ် Mon ဒီမျက်နှာကြီးနဲ့ ဧည့်သည်တွေရှေ့ Pမနေချင်ဘူး ပြန်ပြီနော်”

အချစ်ဝင်္ကဘာလမ်းဆုံWhere stories live. Discover now