Ep-5(The End)

176 16 0
                                    

Unicode

                     အခန်း(၉)

     Pနှလုံးသားတွေကြေလုမတတ် နာကျင်နေရတာကြောင့် အခန်းထဲပဲအောင်းနေမိသည်။ အခုချိန်မှာ Monနှင့် Billkin တို့ကိုတွေ့ချင်စိတ်မရှိ၊ ဖုန်းလည်းမပြောချင်တာမို့ ဖုန်းကိုစက်ပိတ်ထားလိုက်သည်။ Monနှင့်Kinတို့ရဲ့စေ့စပ်ပွဲ ရှေ့တစ်ပတ်ထဲမှာကျင်းပမည့်အ‌ကြောင်း Pမမနှင့် မေမေတို့ပြောနေသံ Pကြားသည်။ အမှန်စင်စစ် P အဲ့ဒီစေ့စပ်ပွဲကို လုံးဝမတက်ရောက်နိုင်ပါ၊ ဟန်ဆောင်၍ပင်ပြုံးပြနိုင်လိမ့်မည်မဟုတ်ကြောင်း Pသိပါသည်။ အခုချိန်မှာ အဝေးတစ်နေရာကိုသာ Pထွက်ပြေးချင်နေမိသည်။ Pကံကောင်းသည်ဟုဆိုရမည်။ Pမမက သူ့ချစ်သူအပါအဝင် သူငယ်ချင်းများနှင့်အတူ ချောင်းသာကမ်းခြေသို့ခရီးထွက်ရန် မေမေ့ကိုခွင့်တောင်းနေသံကြားရသည်။

     “မမ Pလည်း ချောင်းသာလိုက်ခဲ့ချင်တယ်”

     ညှိုးငယ်တဲ့မျက်နှာလေးနှင့်ပြောလာသောPကို မမနဲ့မေမေက အံ့အားသင့်စွာကြည့်နေကြသည်။

     “သားP ခရီးသွားချင်လို့လား မေမေလိုက်ပို့ရမလား”

     “ရတယ် မမတို့နဲ့ပဲ Pလိုက်ချင်လို့ပါ”

     “ရှေ့တစ်ပတ်ထဲ Monတို့စေ့စပ်ပွဲရှိတယ်နော် မမတို့က အဲ့ဒီနေ့အမီပြန်မရောက်လောက်ဘူး မောင်လေးPရဲ့”

    စေ့စပ်ပွဲဟူသောစကားကြောင့် Pမျက်ရည်ပြန်ဝဲလာတာမို့ အားတင်းကာ ထိန်းလိုက်ရင်း

     “ရတယ် မမ Pလိုက်ခဲ့မယ်နော်”
မမကိုပြောပြီးတော့ Pအခန်းထဲ အမြန်ဝင်လာခဲ့သည်။

     ‘Monနဲ့Kinအတွက် ဟန်ဆောင်ပြီးတောင် ဆုတောင်းစကားပြောမပေးနိုင်တဲ့ Pကိုခွင့်လွှတ်ကြပါ’ ဟု စိတ်ထဲကပြောရင်း Pမျက်ရည်များကျနေမိသည်။ ကျလာတဲ့မျက်ရည်များကိုသုတ်လိုက်ရင်း ခရီးဆောင်အိတ်ထဲသို့ပစ္စည်းများထည့်လိုက်သည်။ မနက်ဖြန် မနက်စောစောခရီးထွက်မှာမို့ Pပြင်ဆင်ထားရမည်။ ခရီးထွက်မည့်အကြောင်း Monကိုပြောရန် ဖုန်းကိုရုတ်တရက်ကိုင်လိုက်မိပေမယ့် ပြောချင်စိတ်မရှိတာကြောင့် မပြောဖြစ်တော့ပါ။

You've reached the end of published parts.

⏰ Last updated: Jun 17, 2021 ⏰

Add this story to your Library to get notified about new parts!

အချစ်ဝင်္ကဘာလမ်းဆုံWhere stories live. Discover now