Introduction

3.1K 164 30
                                    

"Before and after divorce"

"Before and After Divorce" by the author: Guapi (Author: Crazed Melon)

Chapter _216 with extra

Csub - https: / /www.xiaoshuobi.cc/read/93293/

__________________

ဩဇာအရှိန်အဝါနဲ့ပြည့်စုံတဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်(စုယန်)က အနုပညာရှင်(ရှထင်ဝမ်)နဲ့ လက်ထပ်ခဲ့တယ်။
သူ့ရဲ့ အချစ်က မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်မျိုးပေါ့။ ပထမဦးဆုံး တွေ့ဆုံမှုမှာကတည်းက ထိုအနုပညာရှင်အပေါ် အရူးအမူးချစ်သွားပြီး သူတို့နှစ်ယောက်က လက်ထပ်ဖို့အထိ ဖြစ်လာတယ်။ ....
ဒါက ကြည်နူးစရာကောင်းတယ်လို့ ထင်မိလား။

ဒါပေမယ့် သူတို့လက်ထပ်ပြီးတော့ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ရန်ဖြစ်စကားများပြီး ကွာရှင်းခဲ့ကြတယ်။
ဒါက ဒီဇာတ်လမ်းရဲ့အစဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဘဝအစလည်း ဖြစ်မယ်ဆိုရင်
ဘာတွေဆက်ဖြစ်ကြမှာလဲ ....ဆိုတာ စိတ်၀င်စားစရာပါ။

သူတို့နှစ်ယောက်ရဲ့ အထိမခံနိုင်တဲ့ နက်ရှိုင်းတဲ့ခံစားချက်ကိုယ်စီအပြင် တစ်ယောက်နဲ့တစ်ယောက် ထိခတ်ပြောဆိုတဲ့အထိ ပြင်းထန်တဲ့ ခေါင်းမာမှုတွေ ။ သူတစ်လမ်း ကိုယ်တစ်လမ်းနေတာတွေက
တကယ်တော့ ... ပျော်ရွှင်စရာဇာတ်သိမ်းတစ်ခု ဖြစ်ဖို့ရော အချစ်ကို ပြန်လည်ပိုင်ဆိုင်ရဖို့အတွက်ရော .... မပြည့်စုံဘူး။

တစ်စုံတစ်ဦးနဲ့ ကွာရှင်းပြီးနောက်မှ ရှိနေတဲ့ ဆက်ဆံရေးတစ်ခု ..က ဘယ်လိုဆိုတာ ဒီ၀တ္ထြလေးမှာ ဖတ်ကြည့်ရအောင်။
(အကယ်၍ ဒီဇာတ်ကြောင်းနဲ့ပတ်သတ်ပြီး သင့်အတွက် အဆင်မပြေဖြစ်စေမယ် ဆိုရင် ဒီဝတ္ထုကို မဖတ်ဖို့ ပြောပါရစေ။ )

______________________

(y. 's Note.)

ဒီဇာတ်လမ်းလေးက စုယန်နဲ့ ရှထင်ဝမ် တို့ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ သေချာပြောရရင် ကွာရှင်ပြီးမှ ပျက်စီးသွားတဲ့ အချစ်တစ်ခုကို ပြန်ကောင်းအောင်ပြုပြင်ကြမှာ။

အနည်းငယ်ခါးသက်တဲ့ ဒီချိုမြတဲ့အချစ်မှာ သူတို့ရဲ့ အိမ်ထောင်သက်က ငါးနှစ်ကြာခဲ့တယ်။
ငါးနှစ်တာ အတူဖြတ်သန်းခဲ့တဲ့ ဒီအိမ်ထောင်ရေးက တစ်နေ့မှာ ကွာရှင်းဖို့ ဖြစ်လာတယ်။
တစ်ယောက်စီရဲ့ လိုအပ်ချက်တွေနဲ့ အဓိကက အိမ်ထောင်ရေးအထိ တည်ဆောက်ပြီးရင် ယုံကြည်မှုတွေနဲ့ အရာရာကိုတိုင်ပင်ပြီး လုပ်သင့်တာမျိုးကို သူကဖော်ပြပေးထားတယ်။ ချစ်သူဘဝမှာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို ကိုယ်က အစွမ်းကုန်ဖြည့်စည်းပေးနေတာက ရင်ခုန်စရာကောင်းတာပေါ့။ ဒါပေမယ့် အိမ်ထောင်ကျသွားတဲ့ ဆက်ဆံရေးမှာတော့ အဲ့လိုမဟုတ်တော့ဘူး။

My little peacockWhere stories live. Discover now