Ep - 31

8.7K 1.1K 118
                                    

မနက်ခင်းရဲ့ လုပ်ငန်းဆောင်တာတွေက ပုံမှန်အတိုင်း လည်ပတ်နေဆဲ။
တချို့သော နေရာလေးတွေက လွှဲမှားစွာ လည်ပတ်နေပေမယ့်ပေါ့။

"" ရိပေါ် ! ""

အစ်မချင်ရဲ့ ဆောင့်ဆောင့်အောင့်အောင့် အော်သံအဆုံးမှ ဝမ်ရိပေါ်က မျက်လုံးလေး ပြူးကာ ခေါင်းမော့ကြည့်သည်။

"" နင့်အောက်ကိုလည်း ပြန်ကြည့်ဦး
ဟင်းရွက်က ငါတို့စားရမှာလား ဝက်စားမှာလား ""

"" ဟမ် ! ""

စားလို့ရသည့် အရွက်အကုန်က ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာ အပုံလိုက်။ စားမရသည့် ဟင်းရွက်အရိုးတွေကသာ ခြင်းတောင်း ထဲမှာ ခြွေပြီးလျက်သားနှင့်။

ဝမ်ရိပေါ်က အစ်မချင်ကို မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ခံစားချက်မဲ့ မော့ကြည့်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ ကြမ်းပြင်ပေါ်က ဟင်းရွက်တွေကို ပြန်ကောက်ထည့်နေသည်။

"" ဟဲ့ မှန်းစမ်း ! ဘာဖြစ်နေတာလဲ
နေမကောင်းဘူးလား ""

အစ်မချင်က ဝမ်ရိပေါ်ရဲ့ နဖူးကိုအသာစမ်းရင်းမေးသည်။

"" ဒါမှမဟုတ် နင့်ကို ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ ""

"" အနိုင်ကျင့်ခံရအောင် ကလေးလား""

ဝမ်ရိပေါ်က အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို မထိတထိလုပ်ရင်း ပွစိပွစိနှင့် ခပ်တိုးတိုး ရေရွတ်သည်။

"" ဟဲ့ ဘာပြောလိုက်တာလဲ ""

"" ဟင့်အင်း ! ""

"" မကြားတကြား မထုံတတ်တေးတွေ
သိပ်မလုပ်နဲ့ ငါခေါက်လိုက်ရ ""

အစ်မချင်က စိတ်မြန်လက်မြန်နှင့်
ဝမ်ရိပေါ် နဖူးကို ခွပ်ခနဲ ခေါက်ချပြီး
ခပ်လှမ်းလှမ်းတွင် ကြက်သားသွားကိုင်နေလေသည်။

"" အစ်မ ချင် ""

"" ဟေ ""

ဝမ်ရိပေါ်က အစ်မချင်ဘက်သို့
ခေါင်းလှည့်ရင်း တစ်ခုခုကို မေးချင်ဟန်ဖြင့် ။

"" ဟဲ့ ဘာတုန်း ငါ ဓားနဲ့ကောက်ပေါက်လိုက်ရ ခေါ်ပြီးတော့ အူကြောင်ကြောင်နဲ့ လာကြည့်နေတယ် ""

Madly In Love ( Zhanyi )Where stories live. Discover now