Ep - 40 ( Final )

13.8K 1K 258
                                    

စာအမှတ် 1/001

"" မင်းမရှိတဲ့ ဆောင်းက ပိုအေးသလိုဘဲ
ဒီနှစ်လည်း မြို့ထဲမှာ  မင်းကြိုက်တဲ့
မင်းသမီး လျန်မေ့ရဲ့ ကပွဲကို ငှားကြတယ် မင်းသာရှိရင် သေချာပေါက် ငါ့ကို လိုက်ပို့ခိုင်းမှာ ""

စာအမှတ် 2/001

"" ထင်းလှောင်ရုံ ခေါင်မိုးက ပေါက်နေပြန်ပြီ  ပြန်ဖာပေးမယ့် မင်းမရှိလို့ ထင်ပါရဲ့ မနက်တိုင်း အစ်မချင်ရဲ့ ဗြစ်တောက် ဗြစ်တောက် အပြောတွေကို
ကြားနေရတယ်  . . . ငါဖာပေးလိုက်ပေမယ့် မကြာလိုက်ဘူး ပြန်ပေါက်သွားပြန်ပြီ  မင်းသာ ငါ့အနားမှာရှိရင်
ထင်းရုံအမိုးဖာ နည်းကို သေချာသင်ပေးရမယ်နော် သေချာတာ တစ်ခုက မင်းသာရှိရင် မင်းကိုယ်တိုင် ကိုယ်ကျ လုပ်နေမယ်ဆိုတာ ငါသိတယ်  ""

စာအမှတ် 03/001

"" ငါ မြို့ထဲကလမ်းကြားလေးမှာ
ကြောင်လေးတစ်ကောင် ကောက်ရခဲ့တယ် သူမကို ငါနာမည်ပေးထားတာ
ကျင်းကော် တဲ့ လှလား သူမက မင်းလိုဘဲ အေးတိအေးစက်နဲ့  ဒါပေမယ့် ငါ့ကိုတော့အရမ်းကပ်တဲ့ ကောင်မလေး  ""

စာအမှတ် 04/001

"" အစ်မချင် အိမ်ထောင်ပြုသွားပြီ
ဘယ်သူနဲ့လဲလို့ ငါပြောလိုက်ရင်
မင်းအရမ်း အံသြသွားလိမ့်မယ်
မြို့ထဲက ဟိုကြွက်စုတ် စာရေးလေးနဲ့ပေါ့  မင်းမထင်ထားဘူးမဟုတ်လား  ""

စာအမှတ် 05/001

"" မုန်တိုင်းကြောင့် ငါတို့  ကုန်တွေ
တော်တော်များများ မိုးမိကုန်ပြီ
ဒီတစ်နှစ်တော့ ရှုံးပြီ ထင်ပါရဲ့ကွာ
အဖေကတော့ ငါကို ပူညံပူညံ လုပ်နေလေရဲ့   မိုးရွာမရွာ မုန်တိုင်းရှိမရှိ ငါဘယ်သိမလဲကွာ မင်းရှိရင် ငါ့ကို ကာကွယ်ပေးမယ် မဟုတ်လား ""

စာအမှတ် 06/001

"" ဒီနှစ်ပိုင်း အသက်ကြီးလာလို့ဖြစ်မယ်
ငါ့မျက်လုံးတွေက ခပ်လှမ်းလှမ်းကို သိပ်မမြင်ရတော့ဘူးကွ  အခုတော့ မျက်မှန်နဲ့ ဖြစ်နေပြီ ဟား ဟား ""

စာအမှတ် 07/001

"" အဖေ့ရဲ့ ခြေထောက်က ပိုပိုဆိုးလာတယ် ခုတော့ တုတ်ကောက်ကိုတောင်
အားမပြုနိုင်တော့ဘူး အိမ်ရှေ့က ကုလားထိုင်မှာဘဲ အမြဲထိုင်နေတော့တာ . . . သူစိတ်တိုင်းမကျတိုင်း
အဲ့ ကုလားထိုင်ကနေ ထိုင်ရာမထ
ဟောက်နေတော့တာဘဲကွာ ""

Madly In Love ( Zhanyi )Where stories live. Discover now