Ep - 2

10.8K 1.4K 47
                                    

ရှောင်းကျန့် အေးအေးနှင့် ရေမချိုးချင်။
ကျောင်းက ပြန်လာထဲက အိမ်ထဲ ဝုန်းဒိုင်း
ဝင်ကာ စောင်ပုံထဲ ခေါင်းစိုက်နေသည်။

အအေးဒဏ်က တကယ့်ကို စိတ်ပျက်စရာ
ကောင်းတာဘဲ။

ရှောင်းမိသားစုက သာမန်ကုန်သည်မိသားစု
မို့ အထက်တန်းလွှာထဲ အရမ်းလည်း
မပါဝင်နေ။

ထို့ကြောင့် ကိန်းကြီးခန်းကြီးနိုင်လောက်
သည့် လုပ်ကိုင်ပေးမည့် အလုပ်သမားဟူ၍
များများစားစားရှိမနေ။

မီးဖိုချောင်ထဲက အန်တီကြီးတွေကို
ရေနွေးအိုးကြိုခိုင်းပြီး ရေချိုးဖို့ ပြင်ရ
တော့သည်။

တကယ်ရေမချိုးချင်ဘူး  အရမ်းအေးတယ်

"" ဒေါ်လေးမုန်ရေ  ကျွန်တော့်ကို ရေနွေးလေး ကြိုပေးပါဦးဗျာ ""

အခန်းဝမှ ထွက်ကာ မီးဖိုချောင်ဘက် မျက်နှာ မူရင်း လှမ်းအော်လိုက်သည်။

အိုက်ယား  အခန်းအဝလေးထွက်တာတောင်
အေးတယ်။

ရေက မချိုးလို့လည်းမရ ။ နှင်းရိုက်ဒဏ်
ကြောင့် ခြေထောက်နှင့် လက်များက
ခုချိန်ထိ ထုံကျင်နေဆဲ။ မျက်နှာတစ်ခုလုံးက
လည်းစပ်ဖျင်းဖျင်း ။ ရေမချိုးလိုက်လျှင်
နှင်းကိုက်ဒဏ်ဖြစ်သွားနိုင်သည်။

ရှောင်းကျန့် ကိုယ်ပေါ်ကို စောင်ကို
လုံလုံခြုံလိုက်ရင်း အိမ်အောက်ထပ်သို့
ဆင်းလာသည်။ 

ညမှောင်မှောင်တွင် ရှောင်းအိမ်တော်၏
ရေနံဆီသုံး  မီးအိမ်ငယ်ငယ်တို့က
ဟိုနားတစ်ခု ဒီနားတစ်စုဖြင့် လင်းနေသည်။
ပစ္စည်းများ ရောက်နေတာကြောင့်
ဂိုထောင်ရှိသော အိမ်အနောက်ဘက် ခြမ်းက
မီးအိမ်များပိုထွန်းထားတာကြောင့်
လင်းထင်းနေသည်။
ဂိုထောင်နှင့် အနည်းငယ်လှမ်းသော
နေရာတွင် ရေချိုးဆောင်တစ်ခု

အိမ်အနောက်ဘက် ရေချိုးဆောင်နား
အရောက်တွင် ရှောင်းကျန့်ခြေလှမ်းတို့
ရပ်တန့်သွားကာ အလိုမကျမှုတို့က
မျက်နှာပေါ် အထင်းသားပေါ်လာသည်။

သစ်သားရေပုံးကြီးကို လက်နှစ်ဖက်ဖြင့်
မနိုင်မနင်းမ ကာ ရေချိုးခန်းထဲ ဝင်သွား
သော ဝမ်ရိပေါ်

Madly In Love ( Zhanyi )Where stories live. Discover now