အချစ်စတင်ရာနေရာ

9.7K 504 30
                                    

ဒယ်ဂူ၊ကိုရီးယားနိုင်ငံ၊1990ခုနှစ်။

တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်၏အကူအညီနဲ့ သစ်ပင်ရိပ်အောက်မှာစာဖတ်နေသည့် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးဂျွန်ဂျောင်ကု။

ဂျောင်ကု၏တစ်နေ့တာမှာမပါမဖြစ်လုပ်ငန်းစဉ် တစ်ခုကစာအုပ်ဖတ်ခြင်းပင်။စာအုပ်ဖတ်တာကို ဝါသနာထုံတဲ့ဂျောင်ကုကစာရေးတာကိုလဲ နှစ်သက်သလိုနာမည်ကြီးစာရေးဆရာ
တစ်ယောက်ဖြစ်ဖို့အထိကိုရည်ရွယ်ချက်ရှိသည်။

ဆယ်ကျော်သက်အရွယ်မှာပြောင်းလာခဲ့ရတဲ့ ဒယ်ဂူမြို့ကသူတို့ပတ်ဝန်းကျင်မှာနှစ်ထပ်အိမ်တွေသာရှိပြီး
သူသူငါငါအားကြိုးမာန်တက်ကြိုးစားနေကြသည့်
လူလတ်တန်းစားတွေသာ။

ဂျောင်ကုစာအုပ်ဖတ်နေတုံး ကြားလိုက်ရသည့် အသံပိစိလေးတစ်ခု။

"ဂျောင်ကု..."

အသံလာရာကိုလှမ်းကြည့်တော့ရင်ညွှန့်နား
လောက်ထိသာရှိတဲ့ သစ်သားခြံစည်းရိုးကို
အမှီပြုပြီး သူ့ကိုကြည့်နေတဲ့ဘေးအိမ်က
သူ့ရဲ့Hyung ကင်မ်ထယ်ယောင်း...။

ထယ်ယောင်းကဂျောင်ကုထက်ငါးနှစ်ပိုကြီးပေမဲ့
လူကောင်ကတော့မဆိုစလောက်လေးသာပိုကြီးသည်။

"Hyung ခိုက်မိအုံးမယ် သစ်သားတွေက
ချွန်နေတာကို..."

သူပြောတဲ့စကားကိုမျက်မှောင်ကြီးကျုံ့ကာ မျက်စောင်းထိုးပစ်သည့်Hyungက
အကြီးလို့ပင်မထင်ရ။

"ဟွန်း....အဲ့ဒီပျင်းစရာစာအုပ်တွေဖတ်နေပြန်ပြီလား။"

ဂျောင်ကုကိုင်ထားတဲ့စာအုပ်ထူထူကိုကြည့်ကာ ပျင်းရိပျင်းတွဲသက်ပြင်းချပြီးပြောတဲ့ ထယ်ယောင်းက စာအုပ်ဖတ်ရတာကိုဝါသနာမပါမှန်းသိသာလွန်းသည်။

"အဲ့ဒါလဲအနုပညာတစ်ခုဘဲHyungရဲ့။"

သူသူငါငါအပြိုင်ကြိိုးစားနေကြတဲ့
ခေတ်ကြီးမှာထယ်ယောင်းတို့အိမ်ကလဲအဆင်ပြေပုံ
မရ နေ့နေ့ညညရန်ဖြစ်သည့်အသံတွေနဲ့သာ။

အိမ်ကဆူညံသံတွေထွက်လာတိုင်း အိမ်ပြင်ထွက်ထိုင်နေတတ်သည့်ထယ်ယောင်းက ကလေးပေါက်စလေးတွေအလား...။

𝑅𝑒𝑢𝑛𝑖𝑜𝑛||𝑇𝑎𝑒𝑘𝑜𝑜𝑘||✓✓[90'ˢ ᴠɪʙᴇ] [Completed]Where stories live. Discover now