မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့်ထယ်ယောင်း
အတော်လေးထိန့်လန့်နေရသည်။ကင်မ်ဝူးကိုငြင်းပယ် ပြီးပြီးချင်းမှာဘဲထယ်ယောင်းသည်လူနှစ်ယောက်ရဲ့
အကြမ်းပတမ်းဆွဲခေါ်ရာနောက်ကိုပါသွားပြီး အခန်းတစ်ခုထဲကိုရောက်သွားသည်။အိပ်ယာကအစ သပ်သပ်ရပ်ရပ်ရှိတဲ့အခန်းထဲ ထယ်ယောင်းကိုထည့်ကာ ထိုလူနှစ်ယောက်ကတော့ အခန်းပြင်မှသော့ခတ်သွားပုံရသည်။
ထယ်ယောင်း တံခါးကိုတစ်ရစက်ထုနေပေမဲ့ အပြင်မှလူသံတစ်သံတောင်မကြားရပေ။
ကင်မ်ဝူးဆိုတဲ့လူကိုထယ်ယောင်းသဘောမကျပါ။ အတင်းအကျပ်မလုပ်ခင်ထဲကိုကကင်မ်ဝူးရဲ့
ဥပဓိရုပ်သည် လူကောင်းပုံမဟုတ်။ယောကျာ်းလေး တစ်ယောက်မို့ကိစ္စမရှိပေမဲ့ ထိုကင်မ်ဝူးက ထယ်ယောင်းကိုသဘောကျကြောင်းပြောထားသည်
မဟုတ်ပါလား။ထယ်ယောင်းတွေ့ဖူးနေကြတဏာရူးတွေထက်ပင် ပိုဆိုးနေတော့သည်။
"သား ထယ်ယောင်း... အထဲမှာရှိလား။"
တံခါးကိုထုတဲ့အနှင့်အတူသံအပြင်ကလာတဲ့ အဖေဖြစ်သူကင်မ်မင်ဂျောင်ရဲ့အသံကြောင့် ထယ်ယောင်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"အဖေ ...ကျနော်အထဲမှာ...တံခါးဖွင့်ပေးပါ"
ထယ်ယောင်းရဲ့အသံကြောင့်အပြင်ကအဖေမှာလည်း မျက်နှာမကောင်းပေ။
"သား ...အဖေ့မှာသော့မရှိဘူး။ ကင်မ်ဝူးကို ပြန်တောင်းပန်လိုက်ပါ။သူက စိတ္တဇသမားဆိုတော့ သူမကျေနပ်ရင်သားကိုတစ်ခုခုလုပ်လိမ့်မယ်။ သားလည်းအိမ်ပြန်ရဖို့မရှိဘူး။"
"ဒါပေမဲ့ ကျနော်မှအမှားမလုပ်ထားတာ။"
"အဖေသိတယ်။ ကင်မ်ဝူးကိုတော့တောင်းပန်လိုက်ပါ။ ပြီးရင်သူ့ကိုဒေါသထွက်စေမဲ့အရာတွေတစ်ခုမှ မလုပ်မိစေနဲ့ ။ အဖေသားကိုစောင့်နေမယ်သိလား။"
ထယ်ယောင်းအဖေဖြစ်သူရဲ့စကားကိုဘယ်လိုမှ မတုံ့ပြန်တော့ဘဲတံခါးရဲ့အရှေ့မှာသာထိုင်နေ
လိုက်တော့သည်။
ကင်မ်ဝူးလိုလူမျိုးရဲ့မွေးနေ့ကိုမှစန္ဒရားလာတီးမိတဲ့ သူ့အဖြစ်ကိုကိုသူယူကျုံးမရဖြစ်နေတော့သည်။