အတိတ်၏အမှောင်ထု

2.5K 384 37
                                    

ထယ်ယောင်းနဲ့တစ်ပတ်မှာတစ်ခါသာတွေ့ရမည်ကို ဂျောင်ကုမ နှစ်မြို့ပါ။ ကိုယ်သဘောကျတဲ့သူရဲ့ မျက်နှာကိုမြင်ရဖို့အရေး အားကုန်ကြိုးစားနေရသည့်
ဂျောင်ကု အတွက်တော့ ကံတရားကြီးက မတရားပေ။

ထယ်ယောင်းကပိုင်ရှင်ရှိပြီးသူမပတ်သင့်တဲ့သူ ဖြစ်နေပေမဲ့လဲဂျောင်ကုကြိုးစားပြီး ပတ်သတ်ချင်နေတုန်း။
အဖြေက..အရင်ကနဲ့မတူပြောင်းလဲသွားတဲ့ထယ်ယောင်းရဲ့
ပုံစံနဲ့ အကူအညီလိုနေသည့်မျက်ဝန်တွေကြောင့်ပင်။

ဘယ်လိုပုံစံနဲ့ဂျောင်ကုနှလုံးသားကလျစ်လျူရှု
ရက်မည်နည်း။ကြိုးဖုန်းနဲ့အဆက်သွယ်လုပ်ရင်တောင် ချုပ်ချယ်တဲ့ ထယ်ယောင်းရဲ့အမျိုးသားလက်ထဲမှာ ထယ်ယောင်းကပျော်နေတယ်ဆိုတာကိုတော့ ဂျောင်ကုမယုံကြည်ပါ။

အခုလည်းဂျောင်ကုကလူသံတိတ်ဆိတ်နေသည့်
အိမ်ရှေ့မှာစက်ဘီးလေးတစ်စီးကိုကိုင်ထားပြီး
ရပ်စောင့်နေမိပြန်သည်။
အိမ်ထဲကိုမျှော်နေရသည်မှာလဲလည်ပင်းပင်ရှည်ကာ သစ်ကုလားအုတ်နဲ့အမျိုးတော်ရော့မည်။

သို့သော်သူမျှော်နေသည့်ထယ်ယောင်းရဲ့အရိပ်
အယောင်ကိုတောင်မတွေ့ရပေ။မထူးသည့်အဆုံး ခြံတခါးရဲ့ခေါင်းလောင်းလေးကိုသာလှုပ်တီးလိုက်သည်။

ခေါင်းလောင်းတီးပြီခဏအကြာမှထယ်ယောင်းက အိမ်ကြီးထဲကနေလုပ်လီလုပ်လဲ့လေးထွက်လာသည်။ ရှပ်အင်္ကျီအဖြူရောင်လေးကိုဘောင်းဘီအဖြူလေးနဲ့ ဝတ်ထားသည့်ထယ်ယောင်းကမိုးပေါ်ကကျလာတဲ့ နတ်သားလေးအလား။ဂျောင်ကုသတ်လက်လွတ်
ငေးကြည့်နေတုန်းမှာဘဲ ထယ်ယောင်းကခြံတံခါးဖွင့်ကာ ဂျောင်ကုအရှေ့ကိုရောက်လာခဲ့ပြီ။

"ဂျောင်ကု..."

ထယ်ယောင်းကမျက်ပင်မခက်ဘဲသူ့ကိုကြည့်နေသည့် ဂျောင်ကုကြောင့်အရှက်သည်းစွာ နာမည်ခေါ်ပြီး သတိပေးလိုက်သည်။

"ဂျောင်ကုလို့..."

" ဟမ်....အင်း..."

"ငါ့ကိုကြည့်နေတာ တော်တော်ကြာနေပြီ ။ ဘယ်သွားမလို့လဲဟင်။"

ထယ်ယောင်းကစက်ဘီးကိုကြည့်ပြီးဂျောင်ကုကို
လှမ်းကြည့်ကာမေးတော့ဂျောင်ကုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ထယ်ယောင်းရဲ့အပြစ်ကင်းစင်တဲ့
မျက်ဝန်းလေးတွေကြောင့် ဂျောင်ကုမှာမြတ်နိုးလို့မဆုံး။

𝑅𝑒𝑢𝑛𝑖𝑜𝑛||𝑇𝑎𝑒𝑘𝑜𝑜𝑘||✓✓[90'ˢ ᴠɪʙᴇ] [Completed]Where stories live. Discover now