Stepfather(1.2)

3.9K 227 10
                                    

"ရိပေါ်ဒီနေ့မင်းနေ့.."

မယုံနိုင်တဲ့အကြည့်တွေဖြင့်ရိပေါ်ကကြည့်မိတော့ ရှောင်ကျန့်ကပုခုံးနှစ်ဖတ်တွန့်ပြပြီး မီးဖိုချောင်က
ထွက်သွားရော

ဒါထမင်းအ၀ကျွေးပြီး လူကိုနှိပ်စက်နေတာမလား
ရှောင်ကျန့်ကအမြင်ကပ်ဖို့ကောင်းလိုက်တာ

ရိပေါ်ကဆောင့်အောင့်အောင့်နဲ့ စားပွဲပေါ်ကစားပြီးသားပန်းကန်တွေကို မနိုင်မနင်းသယ်ကာ basinထဲ
သို့သွားထည့်လိုက်သည်။

"ပန်းကန်ကွဲရင် ကြိမ်လုံးစာနော် ရိပေါ်"

အော...ကောင်းတယ်၊ရှောင်ကျန့်ကသိပ်တော်တယ်
ကပ်စေးနည်းရှောင်ကျန့်ကသူ့ပန်းကန်တွေကွဲမှာစိုးလို့
ဧည့်ခန်းရှေ့ကနေတောင်လှမ်းအော်ရတာ
အဲ့ဒီလောက်ဖြစ်နေရင်ကိုယ့်ဘာ့သာဆေးပါလား

ရိပေါ်မင်းရဲ့နေ့၊မင်းဆေးရမဲ့နေ့၊မင်းရဲ့နေ့နော်ဆိုပြီး
ညှပ်ညှပ်ချသွားတာ ဘယ်နှစ်ပတ်တောင်ရှိပြီလဲ
စိတ်တိုလိုက်တာ သူ့ဗိုက်ကအမွှေးတွေမြန်မြန်ပြောင်
ပါစေ

"၀မ်ရိပေါ်ကြာလှချည်လား၊ဘာလည်းပန်းကန်ကွဲသွား
ပြီလား"

လာကြည့်လေ၊လာကြည့်ပြီးကိုယ့်ဘာသာ‌ဆေးပါလား လို့အော်ချင်ပေမဲ့

"မကွဲပါဘူးDaddyရဲ့၊ရိပေါ်စနစ်တကျဆေးတာပါ"

"Daddyyy.."

ပျင်းတိပျင်းရွဲ‌နဲ့ဝက်ပေါက် ရှောင်ကျန့်ပေါင်ကိုခေါင်းအုံးလာပြီးခွေခေါက်နေတယ်

"အူခေါက်မယ်ခုနကထမင်းစားထားတာမဟုတ်ဘူးလား"

"အင်း ပန်းကန်ဆေးလိုက်တာ၊စားပြီးသားအစာတွေကြေညက်ကုန်လို့ချီးတောင်ဖြစ်သွားလိုက်ပြီ"

"စွမ်းလှချည်လား၊နောက်ဆိုရိပေါ်ဘဲ ပန်းကန်ဆေးတာ
ဝန်ယူတော့"

'ဟာ...ရှောင်...daddyရိပေါ်ကရွဲ့ပြောနေတာလေရွဲ့
ပြောနေတာ"

"အေးလေကိုယ်ကအတည်ပြောနေတာလေ"

'ရှောင်ကျန့်...တော်‌ပြီအပေါ်တက်တော့မယ်'

"ကိုယ်နဲ့မင်းကိစ္စမပြီးသေးဘူးနော်'

 [ Dom]Where stories live. Discover now