Naughty BaoBao

4.3K 235 13
                                    

"baobao baobao ဘယ်မှာလဲထွက်ခဲ့
baobaoထွက်ခဲ့လို့ပြောနေတယ်မလား...."

ရှောင်ကျန့်ထို အမွှေစိန်ကို ရှာနေတာ တော်တော်နှံ့နေ
ပြီ၊အသံလေး တစ်ချက်တောင်မကြားရခြင်းအားဖြင့်
baobao လေးအဖမ်းများခံရပြီလား

တွေးလိုက်တိုင်း ရင်ဘတ်ထဲအပူမီးတွေတောက်လောင်
ပြန်တယ်၊အရင်လိုဒဏ်ရာ ဒဏ်ချက်တွေနဲ့ထိုကလေး
အားပြန်မြင်ရရင်

ဟင့်အင်း...ရှောင်ကျန့်မင်းဆက်မတွေးတာကောင်းမယ်

"baobao....baobaoလေး အကြိုက် ကြက်သား
ပြုတ်ရည်လေးပြင်ပေးထားတယ်
baobaoကြားလား...baobaoရှစ်စွမ်းကိုထူးပါဦး
ရှစ်စွမ်းကိုပုန်းမနေနဲ့တော့ကွာ"

ပညာအရည်အချင်းမပြည့်စုံသေးသရ်ျ ခြေရာခံအစွမ်း
ကိုတတ်မြောက်ဖို့ ရှောင်ကျန့်မှာ မစွမ်းသာပေ

အရင်ဆုံး ဂူထဲ ဘဲပြန်နှင့်ရမလား
မနက်ကတည်းက နေအခုချိန်ထိ
တစ်စက်မှမနားရသေးတာကြောင့်ခြေကုန်လက်ပန်း
ကျသွားရ်ျ မတတ်နိုင်တဲ့အဆုံး ဂူဆီကိုသွားရန်ပြင်လိုက်သည်။

ညီနောင်တွေကို ရှောင်ကျန့်အကူအညီတောင်းသင့်လား၊ဒါဟာမဖြစ်နိုင်ပါ ညီနောင်တွေသာ ပေါင်ပေါင်း
လေးက ရှားပါးမျိုးစိတ်မှန်းသိသွားရင်
အလိုရမက်တွေကြီးထွားလာလိမ့်မယ်

တစ်ရိပ်ရိပ်တွေးလာလိုက်ရင်း ဂူပေါက်ဝကိုရောက်
ဟောက်သံပိစိလေးတွေတစ်စွန်းတစ်စကြားရတာကြောင့် အလျင်အမြန်ပင်ပြေးဝင်လိုက်သည်။

တွေ့ပါပြီ၊၀တ်စုံ အဖြူလေးမှာပေကျံနေပြီး ဖိနပ်တစ်
ဖတ်တောင်ပျောက်ခဲ့ပုံပေါ်သည်။

"၀မ်ပေါင်ပေါင်း..!"

အော်မထူး‌တဲ့အဆုံး မှောက်ခုံလေးအိပ်နေတဲ့ တင်သား
လုံးလုံးလေးအပေါ်ကို လက်ဖဝါးက သွားကျရောက်ရ
ပြီ။

"အား...."

ရှောင်ကျန့်လက်လည်းနာသွားတဲ့အပြင်ထိုကလေး
လည်းအတော်နားသွားမယ်ထင်တယ်

"သ..သခင်.."

ရှောင်ကျန့် ကိုမြင်တော့အလန့်တကြားဖြင့်သူ့ထိုး‌ထောင်‌ နေတဲ့နားရွက်အမဲလေးကိုအမြန်သိမ်းပြီး
ဟီးခနဲရယ်ပြလာသည်။

 [ Dom]Where stories live. Discover now