Tiny wang

3.2K 153 3
                                    

Unicode

"၀င်ခွင့်စာမေးပွဲမအောင်မှာ ‌ကြောက်တယ်"

"၀င်မှာမဟုတ်ဘူး အိမ်ပေါ်ကဆင်းခဲ့တော့...."

Ander၏ ပေါ့ပေါ့ပဲပဲအကြံဉာဏ်အားကြားပြီးသကာလ ရိပေါ်ပြုံးရုံသာတုန့်ပြန်လိုက်သည်....
ဒေါသထွက်ပြလည်း ဖြုံမှမဖြုံပဲ....

"Ander..!"

ရိပေါ်ဖုန်းနှိုပ်နေရင်းကနေ ၀င်လာသောmessageကြောင့် ဘေးမှ မိမိပုခုံးအားဖတ်ထားသော Anderကို တွန်းထုတ်မိသည်။

အလန့်တကြားဖြစ်သွားတဲ့ anderက ရိပေါ်အား လက်ခလယ်ထောင်ပြပြီး ဘာလဲဆိုသည့်သဘောဖြင့်မေးစပ်ပြ၏။

"အခုမင်းတို့ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုပြောပြနိုင်မလားတဲ့....messageကရှောင်ကျန့်ဆီက"

"Help..! Ander...."

ဘေးမှAnderကိုတံတောင်ဖြင့်တွတ်လိုက်တော့ သူမသိဘူးဆိုသည့်သဘောဖြင့် ပုခုံးတွန်ပြသည်။

"asshole..!"

"ငါတို့ဘာလုပ်နေတာလဲ Ander....မြန်မြန်ပြောanderငါတို့အခုဘာလုပ်နေတာလဲ..!"

"မသိဘူးလေ၊ဒီအတိုင်းငါတို့ ကျောင်းကိစ္စဆွေးနွေးနေကြတာမဟုတ်ဘူးလား..."

မိမိတို့လက်ထဲမှ cigaretteအတိုကို လျစ်လျူရှုရင်း
Anderက ပြီတီတီမျက်နှာဘေးဖြင့်ပြောလာသည်။

"ဟုတ်တယ် ငါတို့ကျောင်းကိစ္စဆွေးနွေးနေတာ..
Cigaretteသောက်နေတာမဟုတ်ဘဲ ဒီအတိုင်း ဒီအတိုင်းကျောင်းကိစ္စဆွေးနွေးနေတာ"

Anderအပြောကိုသံယောင်လိုက်ရင်း ရိပေါ်ရှောင်ကျန့်အားစာပြန်ရန်ပြင်လိုက်သည်၊ကျေးဇူးပြုပြီး ရှောင်ကျန့်ယုံရင်ကောင်းမယ်....
တစ်ခါတစ်လေကျရင် စိတ်ထွက်ပေါက်လိုတဲ့အတွက် ရှောင်ကျန့်မကြိုက်တဲ့ cigarette ကိုအမြဲသောက်လေ့ရှိခဲ့တာကို

"မင်းဖုန်းကိုစက်ပိတ်ထားပါလား၊ဒါငါတို့ရဲ့နောက်ဆုံးညလည်းဖြစ်ချင်ဖြစ်သွားနိုင်တယ်ဘဲ ရိပေါ်ရာ...."

တတောင်တောင်ဖြင့်အသံတွေကြောင့်စိတ်ရှုပ်သွားဟန်ဖြင့် Anderက cigaretteအတိုကို မြေကြီးပေါ်ပစ်ချကာ ဖိနပ်ဖြင့်ဖိချေနေသည်။

 [ Dom]Where stories live. Discover now