Chapter[3]

2.4K 100 3
                                    

ရွာ​နေတဲ့မိုး​ရေစက်​က ​ခေါင်း​ပေါ်က​နေတစ်​ဆင့်​ တစက်​စက်​ဖြတ်​စီးတယ်​ တစ်​ကိုယ်​လုံးစိုရွှဲ​နေ​ပေမဲ့ နီးစပ်​တဲ့​နေရာမှာမိုးဝင်​ခိုဖို့စိတ်​ကူးရှိမ​နေဘူး .....မိုး​တွေရွာ​နေတာကို သိပ်​သ​ဘောကျရပါတယ်​ မိုးရွာတဲ့အခါ ငို​နေတာကိုဘယ်​သူမှသတိမပြုမိကြတာမို့ မိုး​ရေ​တွေနဲ့အတူ မျက်​ရည်​​တွေ စိတ်​ဒုက္ခ​တွေပါသွားဖို့ ဧကရီက ဆု​တောင်းတယ်​......ထားရစ်​ခဲ့တဲ့အ​မေဟာသိပ်​တရားကျစရာ​ကောင်းလွန်းတယ်​ ​နောက်​အိမ်​​ထောင်​နဲ့ရတဲ့က​လေးကို သဲသဲကဲကဲလှုပ်​ပြ​နေတာမြင်​ရတဲ့အခါ နင်​ကငါလိုချင်​လို့ရလာတဲ့က​လေးမဟုတ်​ဘူးဆိုတဲ့စကားက နားထဲသံ​ရည်​ပူ​လောင်းသလို အပ်​​ကြောင်းထပ်​၀င်​ပါတယ်​......လက်​ထဲကစကိတ်​ဘုတ်​နဲ့အတူ လမ်းကြား​တွေထဲပတ်​၀င်​​နေမိတာ ဘယ်​နှစ်​​ခေါက်​​မြောက်​မှန်းမသိခဲ့ဘူး ရွာလိုက်​တဲ့မိုးကလဲသဲကြီးမဲကြီးပဲမို့ ဒီတစ်​ခါ​တော့မိုးနတ်​မင်းကို​ကျေးဇူး​ပြေးတင်​တယ်​.......

"မင်း ညီမ​လေးပြန်​လာ​တော့မယ်​" စကားအဆုံး​ရှေ့က​ကော်​ဖီခွက်​ကို ကိုင်​လုဆဲဆဲလက်​တို့က ထိန်းသိမ်းမရ....ပြန်​လာ​တော့မှာတဲ့လား လွမ်း​နေခဲ့​ပေမဲ့ စွန့်​လွှတ်​ခဲ့သူဟာကိုယ်​ပဲမို့ ​မဆက်​သွယ်​ဖြစ်​ခဲ့ဘူး ဟန်​ငြိမ်းရဲ့ပထမဆုံးရင်​ခုန်​သံဟာ ​မွေးစားညီမ​လေးဖြစ်​ခဲ့တယ်​....ပွဲ​ဈေးတစ်​ခုမှာလမ်း​ပျောက်​​နေတဲ့ က​လေးငယ်​ကို ​မွေးစား​ပေးခဲ့တဲ့ ​ကျေးဇူးရှင်​မိသားစုရဲ့ ရင်​နှစ်​သည်းခြာ​လေးဟာ ဟန်​ငြိမ်းရဲ့နှလုံးသား​လေးဖြစ်​လာတယ်​....ဟန်​ငြိမ်း​ရောက်​ပြီးမကြာခင်​မိခင်​ဆုံးပါးသွားတဲ့ က​လေးမက အလုပ်​​တွေနဲ့လုံးပန်း​နေတဲ့ဖခင်​ဖြစ်​သူကို သူမအ​မေကိုပစ်​ထားသူဆိုပြီးအမုန်းကြီးမုန်းသတဲ့ ဂရုစိုက်​​စောင့်​​ရှောက်​​ပေးလိုစိတ်​ဟာ ဒီက​လေးမရဲ့မျက်​၀န်းအိမ်​မှာ​ငွေ့ရည်​ပင်​မဖွဲ့​စေလိုတဲ့စိတ်​က​နေစ ဖြစ်​တည်​တယ်​.....မိဘအရင်း​တွေရှာ​တွေ့တဲ့အခါလဲ ဒီက​လေးမက ဟန်​ငြိမ်းရဲ့အသည်းသက်​ဖြစ်​​နေဆဲပဲ ဘယ်​သိနိုင်​မလဲ ကိုယ့်​ညီအရင်းနဲ့လက်​ထပ်​ဖို့အထိစီစဉ်​ထားတဲ့မိန်းက​လေးဟာ သူမပဲဖြစ်​​နေမှန်း....အသက်​ရွယ်​ကွာခြားမှု့​လေးနဲ့​ကျေးဇူးတရားကို​ရှေးရှုရင်း ညီငယ်​နဲ့ အတူ နိုင်​ငံရပ်​ခြားထွက်​သွားတဲ့​ကောင်​မ​လေးကို ဒီတိုင်းအကိုရင်းတစ်​​ယောက်​လို​မေတ္တာ​တွေပဲ ပုံ​ပေးပစ်​ခဲ့တယ်​ ​ပျော်​ပါ​စေကွယ်​.....
မွေးစားအ​ဖေရဲ့​ပြောလိုက်​တဲ့စကား​တွေကိုလဲနားထဲမ၀င်​နိုင်​ဘူး ပြန်​လာမယ်​ဆိုတဲ့စကား​ကြောင့်​ ရင်​ထဲမှာ​ပျော်​​နေတာကို​တော့ငြင်းမရတာအမှန်​ လက်​မထပ်​ဖြစ်​ဖူးလား ဘာလို့ပြန်​လာမှာလဲ ဘာမှကို​တွေးမ​နေ​တော့ဘူး ပြန်​လာရင်​​စောင့်​​ရှောက်​​ပေးဖို့ပဲစဉ်းစားထားတယ်​.....လမ်းကလဲမိုး​ကြောင့်​မြင်​ကွင်းကရှင်းလင်းမ​နေခဲ့တာမို့ ​ရှေ့ကလာတဲ့ လှုပ်​တုပ်​လှုပ်​တုပ်​​လေးက ကား​ရှေ့ကို ကမူးရှူးထိုး​ပြေးဝင်​လာတယ်​ အချိန်​မှီဘရိတ်​အုတ်​နိုင်​လို့​တော်​ပါ​သေးရဲ့ မဟုတ်​ရင်​ အသက်​နဲ့ကိုယ်​အိုးစားကွဲ​နေမှာအ​သေချာ.....

Do you love me again??? [Completed]Where stories live. Discover now