Chapter[4]

2K 106 3
                                    

Expire dateပါတဲ့ မင်္ဂလာ​ဆောင်​မျိုးကို ခင်​​ဗျားတို့မြင်​ဖူးကြသလား...အင်း ဟုတ်​တယ်​ မမြင်​ဖူးရင်​ ဧကရီဆိုတဲ့ ကျွန်​မရဲ့မင်္ဂလာပွဲကိုကြည့်​နိုင်​တယ်​ မင်္ဂလာပွဲလို့​ပြောလိုက်​ရင်​ ငယ်​ငယ်​တည်းက စိတ်​ကူးထားခဲ့ဖူးတဲ့ ဂါဝန်​ဖြူဖြူစွတ်​စွတ်​ အရှည်​ကြီး​တွေ များလွန်းတဲ့လူအုပ်​ကြီး​တွေ public kiss​တွေ wine​တွေ ရှန်​ပိန်​​တွေ ဘာဆိုဘာမှမရှိပဲ အသိသက်​​သေ နှစ်​​ယောက်​နဲ့ နှစ်​ဖက်​မိဘစုံ​အောင်​​တောင်​မပါတဲ့မင်္ဂလာပွဲတစ်​ခု ​ရှေ့က လက်​ထပ်​စာချုပ်​နဲ့အတူ ထိုင်​​နေတဲ့​ရှေ့​နေရဲ့​ဘေးမှာ ကွာရှင်းစာချုပ်​တစ်​​စောင်​ဟာ နှစ်​နှစ်​ကွာသက်​တမ်းနဲ့အတူ ​ဘေးချင်းယှဉ်​လျက်​ရှိ​နေတယ်​ အမှန်​ပဲ ကျွန်​မတို့ဟာနှစ်​နှစ်​တာ​ပေါင်းသင်းကြမယ့်​သူ​တွေ အယ်​ မှားလို့ ​ပေါင်းသင်းကြမှာမဟုတ်​ပဲ တစ်​အိမ်​ထဲ အတူ​နေကြမယ့်​သူစိမ်း​တွေလို ဆက်​ဆံ​ရေးမျိုး......

ဘဲကြီးကိုမ​တွေ့ရတဲ့နှစ်​လ အတွင်းမှာ လိုက်​မရှာခဲ့သလို စုံလည်းမစုံစမ်းခဲ့ဘူး သမာရိုးကျဖြစ်​တည်​မှု့မျိုးနဲ့ ​ရေစက်​ပါရင်​​တော့ထပ်​ဆုံခဲ့ချင်​ရုံပဲ သိပ်​​နွေး​ထွေးတဲ့သူစိမ်းတရံဆီက ရင်းနှီးမှု့ငယ်​ကို အများကြီးမ​တောင့်​တလိုဘူး နာကျင်​ရမှာသိပ်​​ကြောက်​တာမို့ ​ဖက်​တွယ်ဖို့စိတ်​ကူးကို​ဝေး​ဝေးထားရင်း​ရှောင်​ရှားတယ်​ အိပ်​ယာဝင်​တိုင်း​တော့ ဘာသာမဲ့တဲ့ကျွန်​မကဆု​တောင်းတစ်​ခု​တောင်းတယ်​ ဘဲကြီးမှာသာသက်​ဆိုင်​သူမရှိရင်​ပိုင်​ဆိုင်​ရမဲ့သူက ကိုယ်​ဖြစ်​ပါ​စေလို့​ပေါ့.....ဘုရားသခင်​က ကျီစားတတ်​ပုံပဲ ပိုင်​ဆိုင်​ချင်​တာတစ်​ဘ၀စာ​ပေမဲ့ ကျီစားမှု့​တွေလက်​လွန်​တဲ့အခါ စာချုပ်​​ပေါ်ကခဏတာပိုင်​ဆိုင်​မှု့​တော့ဖြင့်​ဖြစ်​လာခဲ့တယ်​......

ကလပ်​ရဲ့ ​ရောင်​စုံမီး​တွေကြား မူး​နောက်​​နေတဲ့စိတ်​အစုံကိုရှင်းပစ်​ဖို့ ​ရောက်​လာခဲ့တယ်​ ဘာမှန်းမသိတဲ့ ​ရှေ့က bartender စပ်​​ပေးတဲ့​ရောင်​စုံခွက်​တစ်​ခုကို​မျှောချအပြီးမှာ အသိစိတ်​ကလူကိုစွန့်​ခွာတယ်​ မိုးလင်း​တော့မြင်​လိုက်​ရတာက စိတ်​ပျက်​လက်​ပျက်​ဖြစ်​​နေတဲ့ဘဲကြီးရယ်​ ကျွန်​မမိဘ​တွေရယ်​ပဲ ကိုယ်​ကျင့်​တရားကို သက်​​သေပြမယ်​ဆိုတဲ့စကားနဲ့ဘဲကြီးက ကျွန်​မနဲ့တိုးတိုးတိတ်​တိတ်​ မင်္ဂလာ​ဆောင်​ဖို့ဖြစ်​လာတယ်​ တသက်​စာအပိုင်​လိုချင်​​ပေမဲ့ ခဏတာဆို​တော့ ...ရပါတယ်​​လေ မ​တော်​တဆ နှစ်​နှစ်​အတွင်း နှစ်​နှစ်​က​နေလဲတစ်​ဘ၀စာဖြစ်​သွားနိုင်​တာပဲ .....

Do you love me again??? [Completed]Where stories live. Discover now