တိတ်ဆိတ်နေတဲ့မနက်ခင်းတွေဟာ အရင်ကနဲ့မတူတော့ဘူး မနက်စာစားဝိုင်းတွေမှာ ခပ်ဂျစ်ဂျစ်အသံစူးစူးလေးမကြားရသလို အိပ်ယာထက်မှာ မေးထောက်လို့ ငေးမောကြည့်နေတဲ့ မိန်းမငယ်လေးအစား ကျောပေးရင်းစောင်အလုံခြုံထားတဲ့ အေးစက်စက်ကျောပြင်ငယ်ပဲရှိတော့တယ်...ဘယ်သူကမှစ မခေါ်ဖြစ်တော့သလို စကားသံတွေဟာ အေးစက်စက်...
ဆံပင်အရောင်တွေဟာ လအနည်းငယ်အတွင်းအထပ်ထပ်ပြောင်းလာတယ် စိတ်မလုံခြုံမှု့တွေများလာတယ် ခပ်ဝေးဝေးကိုငေးရင်းခပ်ဆွေးဆွေးနေဖြစ်ပါတယ် တွယ်တာစရာလူမရှိတာမို့ ရင်ဖွင့်တိုင်ပင်ခြင်းအတတ်ကို အေ ဟာမတတ်မြောက်ပါဘူး...
"မနက်စာစားမယ်တဲ့ အေလေး"
တညလုံးအိပ်မရခြင်းတွေကြီးစိုးတဲ့အခါ ခပ်လှမ်းလှမ်းက နှင်းဆီခင်းကိုငေးပါတယ်...သိပ်လှတဲ့နှင်းဆီတွေက ဆူးအပြည့်နဲ့ပါပဲ အေ ကတော့ဖြင့် လူကြီးကိုခူးဆွတ်စေချင်တာမို့ ဆူးတွေကိုချိုးထားခဲ့တယ်...ရင်ကိုထိုးစိုက်မယ့်ဆူးတွေမှန်းသိရက်နဲ့ အေ ဟာ နှင်းဆီခင်းကို သဘောတကျကြည့်နေဆဲပဲ....အင်း..သူမဟာငေးမောခြင်းအတတ်ကိုတော့တဖက်ကမ်းခပ်ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်နေခဲ့ပါပြီ....
"ဟုတ် မေယုံ အေ လာခဲ့ပါ့မယ်"
လာခေါ်တဲ့ ဒေါ်ယုံဟာ ဒီမိန်းမငယ်ကို ဂရုဏာသက်တယ် အကြောင်းစုံကိုမသိပေမဲ့ ဒီကလေးမရင်ထဲမယ် ဒဏ်ရာတွေပြည့်နေမှန်းတော့သူမသိပါတယ်....
"အေ အဆင်မပြေတဲ့အခါ မေယုံ့ကို အားလုံးပြောပြလို့ရတာသိတယ်မဟုတ်လား"
ခပ်တိုးတိုးအသံပြုရင်း ပြောမိတဲ့အခါ ရင်ခွင်ထဲခေါင်းတိုးလာတဲ့ကောင်မလေးကို ကလေးတွေချော့သလို ကျောလေးပွတ်ပေးမိတယ် ရင်ထဲကဝေဒနာတွေမပျောက်ရင်တောင် သက်သာပါစေ ကလေးငယ်ရယ်....
YOU ARE READING
Do you love me again??? [Completed]
Fantasyမချစ်သင့်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နှလုံးသားလေး ကလွန်နေခဲ့ပြီ ပြန်ပြင်မရတာမို့ ဆက်ချစ်ရုံပဲတတ်နိုင်ပါတယ် လည်လာတဲ့ဝဋ်တွေကို ဘယ်ဒိုင်းနဲ့မှ မတားချင်ရလောက်အောင် ခင်ဗျားကသိပ်လည်ချင်စရာကောင်းတဲ့ဝဋ်ကြွေးလေးမို့ ...