Unicode

708 64 40
                                    

ပဲရစ်မြို့သည် ရှေးဟောင်းအဆောက်အဦးများ၊ သမိုင်းဝင်နေရာများ၊ decoration လှပသော ကော်ဖီဆိုင်လေးများနှင့် fashion ရေစီးကြောင်းတို့ကြောင့် ကမ္ဘာပေါ်ရှိ လှပသောမြို့များတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ပဲရစ်ဟုပြောလိုက်သည်နှင့် Eiffle tower ကတော့ မပါမဖြစ် အထင်ကရနေရာတစ်ခုပင်။
ပဲရစ်​၏နာမည်ကြီးလမ်းတွေထဲက တစ်ခုဖြစ်သည့် Rue Des Barres လမ်းမထက်တွင် Park Jimin ဟုအမည်ရသည့်ကောင်လေးတစ်ယောက်သည် အိတ်တစ်အိတ်ကိုဘေးတစောင်းလွယ်ထားကာ ကင်မရာတစ်လုံးဖြင့် သူသဘောကျသမျှ ရှူခင်းတို့ကိုမှတ်တမ်းယူလျက်ရှိသည်။

ငယ်ငယ်လေးကတည်းက သူ့ရဲ့အဖိုးဖြစ်သူထံမှ ပဲရစ်မြို့အကြောင်းနှင့် အက်သလိမြို့အကြောင်းကို ပုံပြင်သဖွယ်အမြဲတမ်းကြားခဲ့ရသည်။ ထို့ကြောင့်ပဲရစ်ဟာ သူအသွားချင်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့သည်။
Jimin သည် လွတ်လပ်မှုကိုသိပ်သဘောကျသူဖြစ်သည်။ သူ့အဖိုးကဲ့သို့ပင် နိုင်ငံရပ်ခြားဒေသများသို့ သွားရောက်စူးစမ်းလိုစိတ် အပြည့်ရှိသည်။

လျှောက်ပတ်ကြည့်နေရင်း ဗိုက်ဆာလာတာကြောင့် နေ့လည်စာကို Café de Flore မှာဝင်စားဖြစ်သည်။
ထိုဆိုင်လေးသည် ပဲရစ်မှာရှိသည့် cafe များအနက် ရှေးအကျဆုံးလဲဖြစ်သည်။ နေ့လည်စာစားနေရင်းနှင့်ပင် အခြားသူများ​၏လုပ်ရှားမှုပုံရိပ်တချို့ကိုလဲ ကင်မရာလေးဖြင့်မှတ်တမ်းယူရန်လဲမမေ့ပေ။

ညနေစောင်းတော့ Eiffle tower ရှေ့ရှိ မြက်ခင်းပြင်တွင်ထိုင်ကာ Eiffle tower ရဲ့အလှကိုကြည့်ရှုခံစားရင်း သူ့အဖိုးရဲ့ဒိုင်ယာရီစာအုပ်ကလေးကို ဖွင့်ဖတ်ဖြစ်ခဲ့သည်။
သူ့အဖိုးဟာ အက်သလိမြို့သားဖြစ်သည်။ အက်သလိမြို့ကို သူအမြဲတမ်းပြန်သွားချင်ခဲ့သည်ဟုလဲ ပြောလေ့ရှိသည်။ သို့သော်ငြား ထိုအက်သလိမြို့သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ စစ်ဘေးကြောင့်တစ်မြို့လုံး အစအနပျောက်ခဲ့ရသည်။
Jimin သည် အက်သလိမြို့တည်ရှိခဲ့ရာနေရာဆီသို့ သွားရောက်ချင်ခဲ့သည်။

。。。。。。。。。。。。

နောက်တစ်နေ့မနက်အစောတွင် ဂျီမင်သည် ခရီးဆောင်သေတ္တာအသေးတစ်လုံး၊ သူလွယ်နေကျလွယ်အိတ်တစ်လုံးနှင့် ကင်မရာတို့ကိုယူကာ ငှားထားသောကားဖြင့် ပဲရစ်မြို့မှ မိုင်(၃၅၀)ကျော်ကွာဝေးသော အက်သလိမြို့ရှိရာဆီသို့ မောင်းနှင်ခဲ့သည်။ ရေဒီယိုမှလာသော တေးသီချင်းများကိုလိုက်ကာညည်းရင်း တစ်ကိုယ်တော်ခရီးထွက်ရသည်ကို ဂျီမင်အဖို့အတော်ပင်နှစ်ခြိုက်လို့နေသည်။

ပုံပြင်မဟုတ်သော ပုံပြင်တစ်ပုဒ်Where stories live. Discover now