"အက်ဒရစ် ကျွန်တော်တို့ဘယ်လောက်ကြာကြာအထိ အတူရှိနိုင်မယ်ထင်လဲ။"
ကျွန်တော်ကမေးတော့ အက်ဒရစ်က ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကိုလှမ်းငေးနေရင်း ကျွန်တော့်ဘက်ကို လှည့်လို့ကြည့်သည်။
"အမြဲထာဝရပေါ့ ကလေးရယ်။"
ခပ်ဖွဖွပြုံးရင်း သူကဆိုလေသည်။
"ဒါပေမဲ့ အဲ့ဒီအမြဲထာဝရဆိုတာကရော ဘယ်လောက်အထိ ကြာနိုင်မှာတဲ့လဲ အက်ဒရစ်။"
"မင်းဆန္ဒရှိသရွေ့ပေါ့ ကလေးငယ်...။"
ကျွန်တော့်ရဲ့လက်ဖဝါးတစ်ဖက်ကို ယှက်နွှယ်လာတဲ့ အက်ဒရစ်ရဲ့လက်ဖဝါးဆီကအနွေးဓာတ်နှင့်အတူ ပါးပေါ်သို့ကျရောက်လာတဲ့ အနမ်းတစ်ပွင့်ကိုခံယူရင်း ကျွန်တော်နှစ်ခြိုက်စွာပြုံးလိုက်မိသည်။
ထို့အတူပင် အက်ဒရစ်ကလဲ ကျွန်တော့်ကို သဘောကျစွာ ပြုံးကာငေးကြည့်လို့နေ၏။
သေချာတာကတော့ ကျွန်တော့်ရဲ့စိတ်ကူးယဉ်ကမ္ဘာငယ်ထဲမှာ ကျွန်တော့်တို့ဟာ အမြဲထာဝရအတူတူရှိနေမှာပါပဲ....။
27.2.2023
11:37AMကိုယ့်ရဲ့ comfort character လေးကို သတိရစွာဖြင့်...။
YOU ARE READING
ပုံပြင်မဟုတ်သော ပုံပြင်တစ်ပုဒ်
Fanfictionခရီးသွားကောင်လေးတစ်ယောက်ဟာ ပျောက်ဆုံးသွားသော မြို့ဟောင်းတစ်မြို့နားမှာပျောက်ကွယ်သွားရင်း ဘယ်တော့မှပြန်မလာဖြစ်ခဲ့တော့...။