༆ 02 ༆

468 115 3
                                    

⟨ Unicode Version ⟩

နတ်ဘုရားတွေရဲ့ရာဇဝင်
*အပိုင်း၀၂*

အကြီးအကဲအဖြစ်ဆက်ခံပွဲနေ့ ...

အားလုံးစားသောက်ပြီး ပျော်ရွှင်နေကြပေမယ့် သူ့မှာတော့ချစ်ရသူ နတ်ဘုရားဂျွန်းရဲ့မျက်နှာကိုသာ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသည်။ ဘယ်အချိန် ခန်းမဆောင်ထဲကနေ အပြင်ကို ထွက်လေမလဲ၊ဘယ်အချိန် ဘာလုပ်လေမလဲ အစရှိသည်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေရင်း နတ်ဘုရားဂျွန်းက ခန်းမဆောင်ထဲကနေ အပြင်ထွက်သွားသည်။ သူလည်း ဖွင့်ပြောဖို့အတွက်အားခဲရင်း နောက်ကနေ တကောက်ကောက်လိုက်သည်။ သို့ပေမယ့် ခန်းမဆောင်ရဲ့အပြင်ကို ခြေမချခင် ဟွာလေးက သူ့ကိုလက်ဆွဲခေါ်ကာ ဟွာလေးက သဘောကျနေတဲ့သူကို ပြပေးသည်။

ချစ်ရတဲ့ညီငယ်ထယ်ယောင်းဟာ မိစ္ဆာမျိုးနွယ်ရဲ့ဆက်ခံသူကိုမှ သဘောကျနေခဲ့တာမို့ သူရုတ်တရက်တော့ လန့်သွားရသည်။ မဖြစ်နိုင်တာပဲ ဟွာလေးရယ် ဆိုပြီး ပြောလိုက်ချင်ပေမယ့် ဖြတ်ကနဲ့သတိရမိတာက သူတောင်မယ်တော်ထက် အသက်ကြီးတဲ့နတ်ဘုရားဂျွန်းကို သဘောကျမိခဲ့သေးတာပဲ ... ဟွာလေးရော မိစ္ဆာတစ်ကောင်ကိုချစ်မိနေတာ မဖြစ်နိုင်တဲ့အရာမဟုတ်။

" မင်း သဘောကျနေတာကို သူသိလား "

" အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး သေချာတာက သူရော ကျွန်တော့်ကို သဘောကျနေတယ် အစ်ကိုတော် "

ဟွာလေးရဲ့ပြုံးစစနဲ့ပြောတဲ့စကားကြောင့် သူမင်သက်သွားသည်။

" သူကလေ မင်ယွန်ဂီကလေ မင်းကို သဘောကျတယ်?? "

" တိုးတိုးပြောပါအစ်ကိုတော်ရဲ့ အစ်ကိုတော်ကင်ဆော့ဂျင်သိရင် မရမကလိုက်ခွဲနေဦးမယ် "

" မင်းတို့ပေါင်းစပ်ဖို့အတွက် ခွင့်မပြုတာကတော့ သေချာတယ် ဟွာလေး ... အခု ဘယ်လိုဆက်လုပ်မယ်စီစဉ်ထားလဲ "

" ကျွန်တော် ချစ်ခြင်းမေတ္တာကို ယုံကြည်တယ်အစ်ကိုတော် .... စစ်မှန်တဲ့ချစ်ခြင်းမှာ အခက်အခဲဆိုတာတော့ ရှိစမြဲပဲ ... သူနဲ့ကျွန်တော်က မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး "

THE IMMORTAL; MYTH 【 Completed 】Where stories live. Discover now