༆ 03 ༆

460 109 11
                                    

⟨ Unicode Version ⟩

နတ်ဘုရားတွေရဲ့ရာဇဝင်
* အပိုင်း ၀၃*

အပြာရောင်ရင့်ကျူးငှက်တွေ နန်းဆောင်တစ်ခွင်ပျံသန်းနေကြသည်။ နန်းဆောင်ရှေ့ကနေ အပြစ်ဒဏ်ခံရမယ့် ‌ဝင်းဝါတောက်ပနေတဲ့နတ်သားလေးဖြတ်လျှောက်သွားတာမြင်မိပေမယ့် နှုတ်ခမ်းနားကပ်ထားတဲ့အကြမ်းခွက်ကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။ ဖြူဖျော့နွမ်းလျနေတဲ့မျက်နှာထက်မှာ အရင်ကလိုတောက်ပတဲ့အပြုံးလေးတွေမရှိတော့တာက သူ့ကြောင့်ပဲဖြစ်ပါလိမ့်မည်။

မေ့ပစ်လိုက်ပါ ပက်ဂျီမင် ...
ငါ့ကိုမေ့ပစ်လိုက်...
ပြီးရင် မင်းကိုလက်ဆက်ပေးမယ့်
နတ်ဘုရားနဲ့သာ အချစ်သစ်ကိုဖန်တီးလိုက်ပါ ...
တောင်းပန်ပါတယ်ဂျီမင် ...
ငါ မင့်အပေါ်မှာ ထားတဲ့သစ္စတရားတွေက ပိုပြီးအလေးသာနေခဲ့လို့ ...

" အရှင်ဂျွန်း ~~~ နတ်ဘုရားမင် ... အရှေ့ပင်လယ်ဂိတ်ကို ထွက်ခွာသွားပါပြီ "

အိပ်ခန်းဆောင်ထဲ လာလျှောက်တင်တဲ့နတ်သူငယ်တပ်သားကို သူခေါင်းညိတ်လိုက်သည်။ ထိုနတ်သူငယ်ကလည်း သူ့အကြောင်းကို သိဟန်နဲ့ ဦးညွှတ်ကာ ထွက်သွားတော့သည်။

တင်းကျပ်ခြင်းမည်တဲ့ နာကျင်ခြင်းဟာ သူ့ရင်ထဲဝင်ရောက်လာလေတော့ မျက်ဝန်းတွေပိတ်ရင်း သက်ပြင်းရှည်ကြီးချလိုက်မိသည်။ အချစ်ကြောင့်နဲ့ ဒုတိယအကြိမ် ထပ်တူညီတဲ့အမှားမျိုးကိုတော့ မှားလို့မဖြစ်ပေဘူးလေ ...။ တကယ်ဆို သူဟာ အချစ်တွေနဲ့ထိုက်တန်ရလောက်တဲ့အထိ ကောင်းမွန်နေခဲ့တဲ့နတ်ဘုရားတစ်ပါးမှမဟုတ်ခဲ့တာ။

ဖျောက်ဖြတ်မရတဲ့ဒဏ်ရာတွေက ဒီနှလုံးသားနက်နက်ထဲမှာ နေရာယူနှင့်ခဲ့ပြီးသားလေ ~~~ ။

အဲ့ဒီ့နောက် ရေနွေးကြမ်းကို ချကာ ရှေ့မှာရှိနေနှင့်တဲ့ ပန်းချီကို ငေးရင်း အတိတ်ကိုပြန်ရောက်သွားခဲ့တော့သည်။

ဆေးနတ်ဘုရားဂျွန်းဆိုသူ ကင်နမ်ဂျွန်းရဲ့အတိတ် ~~~ ။

THE IMMORTAL; MYTH 【 Completed 】Where stories live. Discover now