༆ 04 ༆ THE FINAL

565 111 18
                                    

⟨ Unicode Version ⟩
နတ်ဘုရားတွေရဲ့ရာဇဝင်
*အပိုင်း ၀၄ *

နှစ်ပေါင်း သုံးရာကျော် ကြာပြီးနောက် ....
ရွှေဝါရောင်ဇာမဏီအဆောင်တော်ရှေ့ စီတန်းနေတဲ့မင်္ဂလာဝေါယာဉ်။
လက်ဆက်ခြင်းအခမ်းအနားကျင်းပခြင်းမပြုဘဲ
ကောင်းကင်မင်းကြီးဆီမှ
ချီးမြှောက်ခြင်းတစ်ခုနဲ့အတူ လက်ဆက်ခဲ့ရတဲ့
မင်္ဂလာပွဲတစ်ခု ....။

" ကြင်ယာတော်သခင် ဂျီမင်း ဆင်းသက်တော်မူပါ အရှင် "

ဦးခေါင်းမှာ ‌လွှားခြုံထားတဲ့ပဝါစကြောင့် မင်္ဂလာဝေါယာဉ်ပေါ်ကနေဆင်းသက်ဖို့
အခက်အခဲဖြစ်နေတဲ့သူ့ကို နတ်သူငယ်တစ်ယောက်က
ထိန်းကိုင်ပေးသည်။

ခံစားချက်တွေ သေဆုံးနေသလို
သူဘယ်တုန်းကမှ မရောက်လာဖူးတဲ့
ကောင်းကင်နယ်မြေရဲ့
ရွှေဝါရောင်ဇာမဏီအဆောင်တော်ထဲ
သူလျှောက်လှမ်းလာမိသည်။
သူအပြစ်ဒဏ်ခံရပြီး ပြန်ရောက်လာကတည်းက
နတ်ဘုရားကင်နမ်ဂျွန်းကို တစ်ချက်လေးတောင်
တွေ့ခွင့်မရခဲ့။
သူကစပြီးလည်း မေးမြန်းခြင်းမပြုတော့သလို
ဘယ်သူကမှလည်း နတ်ဘုရားဂျွန်း
ဘယ်ရောက်သွားသလဲဆိုတာ
လာမပြောကြပါ။
တစ်ဆက်တည်းမှာပဲ သူကတိခံခဲ့တဲ့လက်ဆက်ပွဲအတွက်
သူကြိုတင်ပြင်ဆင်နေခဲ့ရသည်။
သိရသလောက်က ကောင်းကင်မင်းကြီးရဲ့အငယ်ဆုံးသားတော်နဲ့လက်ဆက်ရမည်တဲ့လေ။
ဘယ်သူလဲ ဘယ်ဝါလဲ မေးမြန်းခြင်းမပြုတော့ဘဲ
ဒီတိုင်း စီစဉ်ပေးတဲ့နောက်ကိုသာ လိုက်ခဲ့တော့
အခုဆို သူလက်ဆက်ရမယ့်နတ်ဘုရားရဲ့ခန်းမဆောင်ထဲရောက်လာခဲ့ပြီဖြစ်သည်။

" ကြင်ယာတော်သခင်ဂျီမင်း ~~ နားနားနေနေ နေတော်မူပါ နေဝင်ပြီးတဲ့နောက်မှာ နန်းဆောင်ရဲ့အရှင်သခင်ပြန်ရောက်လာပါလိမ့်မယ် ... အထိမ်းအမှတ်ဖြစ်တဲ့ပဝါစကိုတော့ နန်းဆောင်အရှင်သခင်ကချွတ်ပေးပါလိမ့်မယ် ... တစ်ခုခုများလိုအပ်လာခဲ့ရင် ကျွန်တော်မျိုးမကို ခေါ်ဆောင်လိုက်ပါ ‌အဆောင်ပြင်မှာရှိနေနှင့်ပါ့မယ် "

အိစက်ညက်ညောနေတဲ့
အခန်းဆောင်ရဲ့ညောင်စောင်းထက်
သူ့ကို ခေါ်ဆောင်လာပြီးတာနဲ့
လျှောက်ကြားအပ်တဲ့စကား။
သူ‌လည်းခေါင်းညိတ်ပြီး ငြိမ်ငြိမ်လေးသာထိုင်နေမိသည်။

THE IMMORTAL; MYTH 【 Completed 】Where stories live. Discover now