Umbrella (U)

790 65 42
                                    

မိုးစက်ငယ်တို့သည် အိမ်ဟောင်းလေး၏ တံစက်မြိတ်မှမြေပြင်ပေါ်သို့ တတောက်တောက်နှင့်ခုန်ဆင်း‌လို့နေကြသည်။မိုးစဲတာကိုစောင့်ရင်း အိမ်ပေါက်ဝမှာ တွေတွေလေးငေးနေသည့် ‌ကောင်လေးတစ်ယောက်လည်းရှိသည်။ထိုကောင်လေး၏မျက်နှာမှာ ဝမ်းနည်းရိပ်တို့ပြေး‌နေသော်ငြား ခဏအကြာမှာပင် ရွှင်လန်းလို့လာသည်။အကြောင်းက သူတို့အိမ်ရှေ့ ထိုးရပ်လာသည့် စက်ဘီးလေးကြောင့်သာ။

မိုးသားတစ်ယောက် ထိုင်နေရာမှထလို့ ထိုစက်ဘီးလေးဆီ အပြေးသွားလိုက်သည်။စဲသွားသည့် မိုးများဟာ မတိတ်သေးသော်ငြား ရပ်တန့်၍လည်းမသွားပေ။

"ဒီအပတ်နောက်ကျတယ်နော်...ကျွန်တော်မနေ့ကတောင် အစ်ကို့ကိုစောင့်နေသေးတယ်"

မိုးသား၏စကားကိုကြားတော့ ထို‌လူဟာ အသိမှတ်ပြုသည့်ဟန် ခေါင်းအသာညှိမ့်ပြီးပြန်ပြောလာခဲ့သည်။

"အင်း...ဟုတ်တယ် အစ်ကိုမနေ့ကအလုပ်တွေ ရှုပ်နေတာနဲ့လာပို့ဖို့ မေ့သွားတာ"

ထိုလူကပြောပြောဆိုဆိုနှင့် မိုးသားလက်ထဲသို့ ခပ်လတ်လတ်အိတ်လေးတစ်လုံး ထည့်ပေးလာသည်။

"အာ့ဆို အစ်ကို့ကိုခွင့်ပြုဦးနော်"

"ဟုတ် အစ်ကို နောက်အပတ်မှတွေ့မယ်"

မိုးဖွဲဖွဲနှင့် ရွှံ့ထူနေသောလမ်းထဲ တရွေ့‌ရွေ့နင်းသွားရသည့် စက်ဘီးလေးအား ဂရုထားမနေတော့ဘဲ မိုးသားအိမ်ထဲအပြေးပြန်ဝင်လာလိုက်သည်။ဧည့်ခန်းထဲကဆိုဖာခုံလေးပေါ် သေချာဝင်ထိုင်လို့ အိတ်လေးကိုဖွင့်ကြည့်လိုက်သည်။ရွှေရောင်ထီးလေးတစ်ချောင်းနှင့်အတူ စာအိတ်ငယ်လေးလည်းပါသေးသည်။စဉ်းစားမနေတော့ဘဲ စာအိတ်လေးကိုဖွင့်လို့ ဖတ်ကြည့်လိုက်သည်။

‘အခုချိန်လောက်ဆို အဲ့မှာအေးနေလောက်ရောပေါ့။အနွေးထည်ဝတ်ဖို့ မေ့နေပြန်ပြီမလား နောက်ဆိုမမေ့စေနဲ့ ကိုယ့်ကိုယ်ကို‌သေချာဂရုစိုက်။နောက်ပြီး ငါ ထီးလေးတစ်ချောင်းထည့်ပေးထားတယ်။အပြင်သွားရင်လည်း ယူသွားဖို့မမေ့နဲ့ဦး။‌တော်ကြာမိုးမိလို့ ဖျားနေမှ ဒုက္ခရောက်မယ်။အလုပ်တွေလည်းအရမ်းမလုပ်နဲ့။နားနားနေနေလည်း နေဦး။ဒီလောက်ပဲပြောတော့မယ်နော်။ကိုယ်ကိုယ့်ကို သေချာဂရုစိုက် ဟုတ်ပြီလား’

Umbrella Where stories live. Discover now