အပိုင်း ၂

4K 473 5
                                    

Unicode Version

အပိုင်း ၂

ယွီပင်းက ရှောင်းကျန့်ကို အဆောက်အအုံတစ်ခုစီ ခေါ်သွားတယ်။ "အမျိုးသားကဇာတ်ရုံ" ဆိုတဲ့ စကားလုံးကို သေသေချာချာ ပုံဖော်ထားတဲ့ အဲ့ဒီအဆောက်အအုံက ခမ်းနားပေမဲ့ အရင်က သူနေခဲ့တဲ့ နန်းဆောင်ရဲ့ တစ်ဝက်ကိုတောင် မမှီပေ။ ရှောင်းကျန့်က ဝင်မလို့ လုပ်နေတဲ့အချိန်မှာပဲ ပေါင်အလည်ထိခွဲထားတဲ့ ကိုယ်ကျပ်အင်္ကျီကို ဝတ်ထားတဲ့ အမျိုးသမီးတစ်သိုက်က သူ့အနားရောက်လာကြတယ်။ ရှောင်းကျန့် စဥ်းစားကြည့်လိုက်တော့ ဒီလို ဝတ်စားပုံမျိုးက လက်ရှိ ရှန့်ဟိုင်မှာ ခေတ်စားနေတာပဲ။

ဒီခေတ်ရဲ့ သမီးပျိုတွေက ဟီရိသြတ္တပတရား မရှိတော့ဘူး၊ အရင်ကဆိုရင် ပေါင်ကို အဲ့လောက်ဖော်ဖို့ မပြောနဲ့၊ ဝတ်ရုံအထပ်ထပ်ဝတ်တာတောင် မိန်းကလေးတွေက ရှက်နေကြတုန်းပဲ။

"ရှောင်းကျန့်မလား....ဒီလောက်အနီးကပ်မြင်ရတော့ တကယ်ကို ချောမောလွန်းတာပဲ"

သွက်သွက်လက်လက်ရှိဟန်တူတဲ့ အမျိုးသမီးတစ်ဦးက စကားစပြောတယ်။ ရှောင်းကျန့်က သူ့ချောမှန်း သိပေမဲ့ မိန်းကလေးတစ်ယောက်က ဒဲ့ချီးကျူးလာလိမ့်မယ်လို့ မထင်မိပေ။ အရင်အိမ်ရှေ့စံဘဝတုန်းကဆို သူ့ကို ဘယ်သူမှ စေ့စေ့တောင် မကြည့်ရဲဘူး၊ အင်း....ဟိုဝမ်ဘုရင်အစုတ်ပလုတ်က လွဲရင်ပေါ့။

"ကျွန်မတို့က ရှင့်ပရိတ်သတ်ပါ...ရှင်ကတာ အရမ်းကြည့်ချင်လွန်းလို့ ပေကျင်းကနေ လာခဲ့ရတာ...ဓာတ်ပုံ တွဲရိုက်လို့ရမလား"

နောက်ထပ်အမျိုးသမီးတစ်ယောက်က သူ့လက်ထဲက ကင်မရာ အသေးလေးကို ထုတ်ရင်း ခွင့်တောင်းတယ်။ ရှောင်းကျန့်က ကင်မရာဆိုတာကို မှတ်ဉာဏ်ထဲမှာသာ ရှိနေပေမဲ့ အပြင်မှာ မတွေ့ဖူးတာကြောင့် လက်ခံလိုက်တယ်။

ဖျတ်~

ဖျတ်

ဖျတ်

အမျိုးသမီးတစ်သိုက်က ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံတွဲရိုက်တော့တယ်။ ပထမတစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်မြှောက်ပြီးတော့ ရှောင်းကျန့် စိတ်မရှည်တော့ပေ။

Dancing Phoenix (Completed)Where stories live. Discover now