အပိုင်း ၂၆

1.9K 236 8
                                    

Unicode Version

အပိုင်း ၂၆

ရှောင်းကျန့်က ရုတ်တရက် ဝမ်းနည်းပက်လက်နဲ့ ရှိုက်ငိုလာတာကြောင့် ဝမ်ရိပေါ်က ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပြီး မူးနေတာတောင် အလိုလို ပြေသွားတယ်။ သူက ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်သေးသေးလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးနေခဲ့တယ်။

"ဟုတ်ပြီ... ဟုတ်ပြီ... မငိုနဲ့တော့နော်၊ ကိုယ် ဒီမှာ ရှိတယ်"

"အင်း"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ မှီထားရင် သူ့နှလုံးအိမ်ထဲက နာကျင်မှုကို အနည်းငယ် လျော့ကျစေတာကြောင့် ငြိမ်ငြိမ်လေး မှီထားခဲ့တယ်။ အမြဲတစေ မာကျောခက်ထန်ပြီး အေးစက်နေခဲ့တဲ့ သူ့ရဲ့ စိတ်အစဥ်က ထူးခြားစွာနဲ့ အားငယ်နွမ်းလျနေတယ်လို့ ခံစားနေရတယ်။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်က သူ့အပေါ် တွယ်တာလာတာကြောင့် ရင်ထဲကအပူက အတော်လေး လျှော့ကျသွားခဲ့တယ်။ ရှောင်းကျန့်အိပ်ပျော်သွားတဲ့အထိ သူက ငြိမ်ငြိမ်လေး ထိုင်နေပြီး သူ့ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးနေခဲ့တယ်။ မကြာခင်မှာပဲ ရှောင်းကျန့်က အသက်ရှူသံ မှန်မှန်နဲ့ အိပ်ပျော်သွားခဲ့တယ်။

ဝမ်ရိပေါ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း မျက်လုံးတွေကို မှိတ်ရင်း အိပ်ပျော်အောင် ကြိုးစားနေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ဝိဉာဥ်ကို တစ်စုံတစ်ရာက ဆွဲယူလိုက်သလို ခံစားလိုက်ရပြီး လုံးလုံးလျားလျား အိပ်ပျော်သွားတော့တယ်။

_____

ဝမ်ဧကရာဇ်က သူ့ရှေ့မှာ ဒူးထောက်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။ ရှောင်းကျန့်ရဲ့ တိုးလျတဲ့ တောင်းပန်တိုးလျိုးသံက ထွက်ပေါ်လာခဲ့တယ်။

"အရှင်...သူတို့နဲ့ မဆိုင်ပါဘူး...ကျန့်အာ အပြစ်ပါ၊ သူတို့ကို အပြစ်မပေးပါနဲ့"

ဝမ်ဧကရာဇ်က ဒေါသထွက်လွန်းလို့ ရှောင်းကျန့်ရဲ့ ပုခုံးကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်ရင်း မေးခဲ့တယ်။

Dancing Phoenix (Completed)Where stories live. Discover now