အပိုင်း ၆

2.6K 337 7
                                    

Unicode Version

အပိုင်း ၆

ရှောင်းကျန့်က သူ့အိမ်ကို ပြန်ရောက်တော့မှ ခုတင်ပေါ်ကို အားရပါးရ လှဲချလိုက်နိုင်တော့တယ်။ ပြီးတော့ သူ့ခေါင်းကို အေးအေးထားပြီး နောက်ထပ် ဘာတွေ လုပ်ရမလဲ ဆိုတာကို စဥ်းစားတော့တယ်။ အခုလက်ရှိ ရှောင်းကျန့်က အကသမားတစ်ယောက် ဖြစ်နေပေမဲ့ သူ့ရဲ့ ဝင်ငွေကလည်း အတော်လေးများပြီး အိမ်ကလည်း တော်တော်လေး ကျယ်တယ်...အင်း..ဝမ်အိမ်တော်လောက် မဟုတ်ပေမဲ့ပေါ့။

ရှောင်းကျန့်က အချိန်နည်းနည်း ယူပြီး ဒီခန္ဓာကိုယ်နဲ့ အသားကျအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက နောက်ထပ်ကရမဲ့ ပွဲအချိန်ကို ပြန်စဥ်းစားကြည့်လိုက်တော့ တစ်လလောက် လိုနေသေးတာကို တွေ့ရတယ်။ ဒါကြောင့် ဒီတစ်လအတွင်း သူအရင်က ကခဲ့တဲ့ အကတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ဖို့ စဥ်းစားထားလိုက်တယ်။ အခု လက်ရှိဘဝမှာ အရင်လို သူ့ကို အမြဲပြသနာပေးမဲ့ ဝမ်ဧကရာဇ် မရှိတော့ဘူးလေ၊ အဲ့ဒါကြောင့် အကျိုးရှိရှိ အသုံးချပြီး ပျော်ပျော်နေဖို့ ဆုံးဖြတ်လိုက်တယ်။

ရှောင်းကျန့်က ခုတင်ပေါ်မှာ လဲလျောင်းနေရင်း အတိတ်က အကြောင်းတွေကို ပြန်စဥ်းစားမိလာတယ်။ တကယ်တော့ သူကိုယ်တိုင်လည်း ဝမ်ဧကရာဇ်ကို နည်းနည်းလေး ချစ်ခဲ့မိပါတယ်...တကယ့်ကို နည်းနည်းလေးပါ။ ဒါပေမဲ့ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ယှဥ်လာတဲ့အခါ ဖြစ်သင့်တာကိုပဲ ရွေးချယ်ခဲ့ရတယ်။

"အရှင်...အရှင်လည်း ဒီအချိန်ဆို တခြားဘဝမှာ ပျော်နေလောက်ပြီပေါ့"

ရှောင်းကျန့်က ခပ်တိုးတိုး ရေရွတ်တယ်၊ အလိုက်မသိတဲ့ မျက်ရည်က ပါးပြင်ပေါ်ကို တလှိမ့်လှိမ့် စီးကျလာတယ်။

_________

ဝမ်ရိပေါ် သူနဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်​ကြောင့် ဟိုဟိုသည်သည် လိုက်ကြည့်နေမိတယ်။ သူ့ရှေ့မှာ ရှေးခေတ်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက်က ဒူးထောက်ထားပြီး ပြောလာတယ်။

"အရှင်မင်းကြီး...သေချာစဥ်းစားပါဦး အိမ်ရှေ့မင်းသားကို အရှင့်နားမှာ ထားတာက မြွေပြွေးကို ခါးပိုက်ပိုက်ထားသလိုပါပဲ...ပြီးတော့ စစ်ရှုံးရင် အကုန်သတ်ပစ်ရမှာပါ ထားလို့ မဖြစ်ပါဘူး"

Dancing Phoenix (Completed)Where stories live. Discover now