~၃၉~P1

985 248 5
                                    

ZawGyi

 Ding!

ကျင်းဟွမ်သည် တွေဝေနေခြင်းကနေ အသိစိတ်ပြန်ဝင်လာခဲ့ပေသည်။ထိုသူတွေကို သူသည်နှုတ်ဆက်မလို့ပြင်လိုက်သည့်အချိန်မှာပဲ သူ့ဘေးနားတွင်ထိုင်နေသည့် လုဝမ်ဟောင်က ထိုင်နေရာကနေအရင်ထလိုက်သည်။

"အစ်ကိုလု၊ ဘယ်လိုတောင်တိုက်ဆိုင်တာလဲ? အစ်ကိုတို့ကောဘာလို့ဒီရောက်နေတာလဲ?" လုဝမ်ဟောင်က သူတို့ကိုအပေါ်ကနေအောက်ထိ ခြေဆုံးခေါင်းဆုံးကြည့်သည်။ "ဘာဖြစ်လို့၂ယောက်လုံး..... စိုရွှဲနေတာလဲ?"

လု့ဟန်က သက်ပြင်းချသည်။သူ၏နဖူးက ဆံစတွင်ရှိနေသည့် မိုးရေစက်များကိုဖယ်ရှားရန် လက်ုမြှောက်ရင်း ပြုလုပ်လိုက်သည်။ "အဲ့အကြောင်းထပ်မပြောပါနဲ့တော့ကွာ၊ အခုလေးတင်ငါတို့တောင်တတ်နေတာ၊ ဒီနေ့ကျမှ မိုးသည်းသည်းထန်ထန်ရွာလာရတယ်လို့...ပြီးတော့ ငါတို့တောင်ပေါ်ကနေပြန်ဆင်းလာချင်တဲ့အခါမှာ မိုးကအရမ်းကိုသည်းလွန်းလို့ ငါတို့လမ်းကိုမြင်ရရုံလေးသာသာပဲ...အဲ့တော့ကာ ငါတို့ဒီကိုလာပြီးခဏပဲ ခိုနေရတော့တာပေါ့"

လုဝမ်ဟောင် - ဒီရက်ပိုင်းအတွင်းမိုးလေ၀သမှာ မိုးရွာနိုင်တယ်လို့ပြောထားတာပဲ၊ ဘာလို့အစ်ကိုတို့က အခုတောင်တတ်ဖို့ရွေးကြတာလဲ?

လု့ဟန် - အဲ့တာမျိုးတွေ မကြည့်မိဘူး

ကျင်းဟွမ်က စားပွဲခုံကနေတစ်ရှူးအနည်းငယ်ထုတ်ကာ ရှန့်ဟွိုင်ဇီထံသို့ကမ်းပေးလိုက်သည်။ "စီနီယာ ဒါလေးတွေနဲ့နည်းနည်းလောက်ခြောက်သွားအောင် သုတ်လိုက်ပါလား"

ရှန့်ဟွိုင်ဇီက လက်ခံလိုက်သည်။ "ကျေးဇူးပဲ"

လု့ဟန်က သူတို့၂ယောက်ကိုတစ်ချက်ကြည့်လိုက်သည်။ "မင်းတို့ ၂ယောက်ကတစ်ယောက်နဲ့တစ်ယောက်သိတာလား?"

လု့ဟန်က ကျင်းဟွမ်ကိုအရင်ကကြားဖူးသည်။ကျင်းဟွမ်က ကျောင်းမှာနည်းနည်းလူသိများပြီး သူတို့မေဂျာက မိန်းကလေးအများစုက ဂျူနီယာညီလေး ဘတ်စ်စကတ်ဘောကစားတာ ကြည့်ရတာကိုတော်တော်လေး သဘောကျကြသည်လေ။

"ငါတို့ အရင်ကဆုံဖူးတယ်" ရှန့်ဟွီုင်ဇီက ပြောသည်။

ကောင်းဇီရှန်းက သူတို့ကိုမိတ်ဆက်ပေးလေသည်။ "ဟွမ်ဟွမ်၊ ဒါကငါတို့ရဲ့နောက်ထပ် စီနီယာတွေထဲကတစ်ယောက်ပဲ၊ လု့ဟန်လို့ခေါ်တယ်။သူက စီနီယာရှန့်နဲ့အခန်းတူတူနေတယ်၊ ကစားသမားတွေ တွေ့ဆုံပွဲမှာသိခဲ့ရတာပဲ။စီနီယာ၊ ဒါကကျင်းဟွမ်ပါ၊ကျွန်တော်တို့ရဲ့အခန်းဖော်"

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now