~၁၂~

1.3K 348 13
                                    

ZawGyi

T/N - ဒီအပိုင်းမှာ အမေ ၊အဖေကို တရုတ်မှာအများစုခေါ်ကြသလို မာမားနဲ့ပါပါးလို့ပဲ ကိုယ်စားပြုရေးသားထားပါသည် ။

နှလုံးသား လိုအင်ဆန္ဒက ရှောင်ထျန်ကျင်ကို သတိပေးလိုက်တာဖြစ်ကိုဖြစ်ရမယ်!

စနစ်မှ အသိပေးစာဝင်လာသည့် အချိန်မှာ ရှန့်ဟွိုင်ဇီ ကသူ့ရဲ့နေ့စဉ်လုပ်ဆောင်ရမည့်တာဝန်တွေကို လုပ်ပြီးတာခဏလေးတင်ပဲရှိသေးသည် ။

[သူငယ်ချင်းရှောင်ထျန်ကျင်သည် သင့်အတွက်ရွှေ၁၂၀၀ကို အထူးငွေတိုက်ထဲသို့ဖြည့်သွင်းပေးခဲ့ပါသည် ။နှောင့်နှေးမှုမရှိဘဲ စစ်ဆေးပေးပါ]

သူသည်ငွေတိုက်ထဲသို့သွားလိုက်ပြီး ထိုငွေအားလုံးကို လု့ဟန်ထံဆီသို့သူ့ရဲ့အဖိုးအခအတွက်ပါ မျှဝေပြိး လွှဲပေးလိုက်သည် ။ထို့နောက် သူသည် ရှောင်ထျန်ကျင်ထံသို့ ရွှေ၅၀၀ကို ပြန်မလွှဲပေးခင် တချက်လောက်စဉ်းစားတွေးချိန်လိုက်သည် ။

သူတို့သည် မိစ္ဆာဘုရင်ကိုသတ်ခြင်းမှ ဘာပစ္စည်းမှဆုလာဘ်မရခဲ့သော်လဲ Expအများကြီးရရှိခဲ့ကာ မိစ္ဆာဘုရင်ထံမှ၇ရက်တောင် Exp ၂ဆပေးခြင်းကိုရရှိခဲ့ပြီး Buff ကိုရခဲ့သည် ။ရှောင်ထျန်ကျင်က သူမရဲ့သွေးရေကန်စီရင်သည်က အလွန်ပင်တော်နေသည့်အတွက်ကြောင့် သူက သူ့ရဲ့ဆေးတွေကို အနည်းငယ်သာသုံးရုံသုံးခဲ့ရသည်မို့ ထိုရွှေ၅၀၀က သူမရဲ့တာဝန်ကားပေါ်အတူတူတတ်စီးခြင်းနှင့် ညီမျှသည့်အဖိုးအခကဲ့သို့ပင် ။

(T/N - သူမရဲ့တာဝန်ကားပေါ်ဆိုတဲ့ ဆိုလိုချက်က ကားတစ်စီးတည်းအတူတူစီးတဲ့အခါ ကုန်ကျတဲ့စရိတ်ကို တ၀က်စီခွဲပေးတာမျိုးပေါ့ ။သူက သူမရဲ့တာဝန်ကားပေါ်အတူတူလိုက်စီးပြီးအပေါ်က Expရခဲ့တာကြောင့် တာဝန်ကားကိုအတူစီးခွင့်တွက် အဖိုးအခပေးသလိုပဲ ဆိုတဲ့သဘောပါရှင်။)

သူ့ရဲ့နေ့စဉ်တာဝန်တွေအားလုံးပြီးသွားတဲ့အခါမှာ သူကထွက်တော့မလိုလုပ်နေသည့်အချိန်မှာ သူ့ရဲ့သီးခြားစာပို့သည့်နေရာက ရုတ်တရက်မီးလေးလင်း လာခဲ့သည် ။

နတ်သမီးမောက်မောက်က စက္ကန့်၆၀စာ အသံဖိုင်ပို့ထားပါသည် ။ ရှန့်ဟွိုင်ဇီမျက်မှောင်ကျုံ့လိုက်ပြီး သူထိုအရာကိုဖွင့်ဖို့တောင် စိတ်ခံစားချက်ရှိမနေ ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now