❤️1st Monthsary❤️

2.2K 109 0
                                    

နောက်တစ်နေ့တွင် ထိုဝန်ထမ်းကောင်လေးက ဟိုတယ်သို့ရောက်လာကာ သူမနှင့်ဟိုတယ်ဝန်ထမ်းအားလုံးကို တောင်းပန်လေသည်။ရုံးခန်းထဲလာပြီး နှစ်ယောက်တည်းသီးသန့်တွေ့ချိန်တွင် သူမက

"ကျေးဇူးတင်ပါတယ်...။ဒါက ဟိုတယ်အတွက်လုပ်ပေးလို့ ကျေးဇူးတင်တာမဟုတ်ဘူး...။ဒီလိုမျိုး ကိုယ့်အမှားကိုယ်တာဝန်ယူပြီးတော့ အချိန်မီပြင်ဆင်နိုင်ခဲ့တဲ့အတွက်ပါ..."

"ကျွန်တော်က ကျေးဇူးတင်ရမှာပါ...။ကျေးဇူးတင်တာရော တောင်းပန်တာရော ဘယ်လောက်ပြော​ပြော မလုံလောက်မှန်းသိပေမဲ့ ကျွန်တော့ဘက်က ထပ်ပြီးတော့ အနူးအညွတ်တောင်းပန်ပါတယ်...။ဆက်ပြီး အလုပ်လုပ်ခွင့်ပေးတဲ့အတွက်လဲ ပိုပြီးတော့ကျေးဇူးတင်ပါတယ်...။ကျွန်တော် တစ်သက်လုံး ဒီကျေးဇူးတွေကိုမမေ့ပါဘူး...။စိတ်ရောကိုယ်ပါနှစ်ပြီးတော့ ဒီဟိုတယ်အတွက် ကြိုးစားသွားပါ့မယ်..."

"အဟင်း...ကြိုးစားလုပ်မယ်ဆိုပေမဲ့ လောလောဆယ်တော့ ဒီရက်ပိုင်း ရုံးတက်လို့မရသေးဘူး...။အဖေခွဲစိတ်တာကိုပဲ သေချာပြုစုလိုက်ပါဦး.."

"ဗျာ..."

"ဟိုဘက်ကပေးတဲ့ပိုက်ဆံတွေက အဖေ့ကိုခွဲစိတ်ပေးချင်လို့ လက်ခံပြီးတော့လုပ်ခဲ့တာမဟုတ်လား...။အခုပြန်ပေးပြီးပြီဆိုတော့ မခွဲစိတ်နိုင်တော့လို့ စိတ်ဆင်းရဲနေရမှာပဲ...။အဲ့အတွက်ကို အမအမျိုးသားရဲ့ လူမှုကူညီရေးဖောင်ဒေးရှင်းမှာ လျှောက်ပေးထားတယ်...။အရေးတကြီးခွဲစိတ်ဖို့ လိုအပ်တယ်လို့ပြောပေးထားတော့ ဒီရက်ပိုင်းအတွင်းပဲ ကူညီပေးမှာပါ...။အဲ့ဒီကရတာနဲ့ ခွဲစိတ်လို့ရပြီ..."

ထိုကောင်လေး၏မျက်လုံးတွေက အံ့ဩဝမ်းသာသွားမှုကြောင့် မယုံနိုင်စွာပြူးကျယ်သွားရရင်း

"တ တကယ်လားဗျ။ကျေးဇူးအများကြီးတင်ပါတယ်...။မရွှေခေတ်ကိုရော မရွှေခေတ်အမျိုးသားကိုရော တကယ်ကျေးဇူးတင်ပါတယ်...။ကျေးဇူးတင်လွန်းလို့ ကျွန်တော် နှစ်ယောက်လုံးကို ထိုင်တောင်ကန်တော့ချင်ပါတယ်ဗျာ..."

"အမလေး...ထိုင်တော့မကန်တော့ပါနဲ့ ဒါက လိုအပ်တယ်ဆိုတာသေချာလို့ ကူညီပေးလို့ရတာ...။အမတို့က ပြောပေးလိုက်တာပဲရှိတယ်...။ကျန်တာက ဖောင်ဒေးရှင်းရဲ့စည်းကမ်းချက်တွေနဲ့ကိုက်လို့ သူတို့ဘက်ကထုတ်ပေးတာပါ..."

You are the only Exception!Where stories live. Discover now