သူသည် နေမကောင်းဖြစ်နေသောသူမလေးကြောင့် တစ်ရေးမှအိပ်မပျော်နိုင်ခဲ့ဘဲ အဖျားပြန်တက်မှာစိုးကာ တစ်ညလုံးစောင့်ကြည့်နေရသည်။သူ့ကိုကျောခိုင်းထားသော်လည်း အိပ်ပျော်သွားသည်နှင့် သူမက ထုံးစံအတိုင်း သူ့ဘက်လှည့်ကာ ရင်ခွင်ထဲတိုးဝင်လာလျှင် သူ့မှာ ကျေနပ်မိရင်းမှ စိတ်မကောင်းဖြစ်ရသေးသည်။မနေနိုင်စွာနှင့် လွမ်းဆွတ်ရသောနှုတ်ခမ်းလေးတွေကို သူမ မနိုးအောင် ဖွဖွလေးနမ်းကာ ပူစပ်စပ်ကိုယ်လုံးလေးအား မလွှတ်တမ်းထွေးပွေ့ထားမိရင်း ထိုပုံစံအတိုင်းပင် မိုးလင်းခဲ့လေသည်။
အိပ်ရာကနိုးလာချိန်မှာ တစ်ကိုယ်လုံးနွေးနေသောကြောင့် သူ့ရင်ခွင်ထဲရောက်နေပြီမှန်းသိကာ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်လျှင် သူမနိုးလာသည်ကို သိလိုက်သောသူက ပါးကိုဖွဖွလေးကိုင်၍ ညင်သာစွာပဲမေးလာသည်။
"သဲလေး နိုးပြီလား..."
သူမက ပြန်မဖြေဘဲ သူ့ကိုမော့ကြည့်လိုက်လျှင် သူက ခေါင်းလေးကိုအုပ်မိုးကိုင်ကာ
"ခေါင်းမူးနေသေးလား..."
အဖျားကျသွားပြီဖြစ်ကာ ကောင်းကောင်းအိပ်လိုက်ရ၍ အနည်းငယ်အားပြည့်သွားသောသူမက ခေါင်းခါပြလိုက်သည်။
"ကိုယ်တွေလက်တွေရော နာနေသေးလား..."
"နည်းနည်းပါ..."
သူက နဖူးလေးကိုဖွဖွနမ်းလိုက်ရင်း
"အွန်း..အစားစားလိုက်ရင် သက်သာလာမှာ...။ဒီနေ့ အစားဝင်အောင်စားရမယ်နော် သိလား.."
သူမက ဘာမှမပြောဘဲနေနေလျှင်
"နည်းနည်းစောသေးတယ် ခဏလောက်ထပ်အိပ်ပါဦး..."
"ဟင့်အင်း ထတော့မယ် မအိပ်တော့ဘူး..."
သူက ထဖို့လုပ်နေသောသူမကို အသာအယာပွေ့ချီကာ ရေချိုးခန်းထဲပို့ပေးပြီးလျှင် ကိုယ်လက်သန့်စင်ပြီးသည်နှင့် အဝတ်အစားပါတစ်ခါတည်းလဲပေးသည်။ပြီးနောက် စားပွဲပေါ်က ph ကိုဆက်ကာ သူမအတွက် နံနက်စာလာပို့ပေးဖို့ပြောပြီးလျှင်
"ထက်မြတ်က ဆန်ပြုတ်ပြုတ်ပေးထားတယ်ပြောတယ်...။အဲ့ဒါလေး အရင်စားလိုက်နော်...။ဒီနေ့ဆေးသောက်ပြီးလို့မှ ထပ်မဖျားတော့ရင် သဲစားချင်တာ ကိုယ်ချက်ကျွေးမယ်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...