Nathan & Norah

1.3K 110 7
                                    

Nathan Lynn Khit
              &
Norah Lynn Khit

Nathan - Gift from God (or) He Gave
Norah   - Honor,Dignity (or) Light

Nathan

ရှေးဟောင်းဘာသာစကားတစ်ခုဖြစ်သည့် Hebrew ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်အားဖြင့် Gift from God (or) He Gave ဟူ၍ သက်ရောက်လေသည်။နာမည်၏နောက်ကွယ်က သတ်မှတ်ပေးထားသည့် ဂုဏ်ပုဒ်များမှာတော့

Master Builder
Fearless
Limitless
Tenacious
Brave & Bold
Creative
Innovative
Imaginative
Disciplined
Confident တို့ပင်ဖြစ်သည်။

Norah

Latin ဘာသာစကား Honor မှ ဆင်းသက်လာခြင်းဖြစ်ကာ Hebrew/Greek ဘာသာစကားအနေနှင့်ဆိုလျှင်တော့ Light ဟု အဓိပ္ပါယ်ရသည်။နာမည်၏အခြေခံကိုက Honor (or) Honour မှ ဖြစ်တည်လာသောကြောင့် Norah ဆိုသောနာမည်မှာ သူ့နဂိုကပင် ဂုဏ်သိက္ခာတရား ကြီးမားပြီးသားဖြစ်လေသည်။ထို့အပြင် နောက်ကွယ်က သတ်မှတ်ပေးထားသည့် နောက်ဆက်တွဲဂုဏ်ပုဒ်များမှာတော့

Powerful
Inspirational
Ambitious
Bright
Highly Intuitive
Charismatic
Creative
Independent တို့သာဖြစ်ပေသည်။

နေသန်လင်းခေတ် နှင့် နိုရာလင်းခေတ်တို့သည် ပုခက်ကိုယ်စီထဲမှာ အေးအေးလူလူပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။အေးဆေးလှသောနေသန်က အိပ်နေသည့်အချိန်တောင်မှပင် ထားသည့်နေရာမှာ တစ်စက်ကလေးမှမလှုပ်ဘဲ ပုံစံမပျက်အိပ်လေ့ရှိသည်။နိုးလာလျှင်လည်း ငိုဖို့နေနေသာသာ တစ်ချက်ကလေးတောင် မအော်တတ်ဘဲ မျက်လုံးပြူးလေးနှင့်သာ ဟိုဒီကြည့်ရင်း သူ့ဘာသာငြိမ်နေလေ့ရှိသည်။ပြောရလျှင် ဒီအရွယ်လေးကတည်းက အရွယ်နှင့်မလိုက်အောင် တည်တည်ငြိမ်ငြိမ်နေတတ်သည့် သဘောကောင်းလှသော ကလေးပင်။

နိုရာကတော့ ဒီလိုမဟုတ်။ခေါင်းနှင့်လည်ပင်းကြွက်သားလေးတွေ သန်မာလာပြီဖြစ်သော သုံးလကျော်အရွယ် နိုရာသည် ပုခက်တစ်ခုလုံးကို သူ မရောက်သည့်နေရာမရှိအောင် လှည့်ပတ်လှိမ့်ကာ အနှံ့အိပ်တတ်သည်။တခါတလေများဆိုလျှင် ပုခက်၏ခြေရင်းမှာ ကပြောင်းကပြန်အိပ်နေတတ်သည်မို့ သူ အိပ်ပြီဆိုတာနှင့် မကြာမကြာသွားကြည့်ကာ တည့်မတ်ပေးနေရသည်ပင်။ထို့ကြောင့် ခေါင်းအုံး၊ဖက်လုံးနှင့် အရုပ်တွေဆိုသည်မှာ သူတွန်းထိုးဖိအိပ်နေတာနှင့်ပင် ဘယ်တော့မှ နေရာတကျမရှိတတ်။ထိုသို့သောနိုရာက နိုးလာလျှင်လည်း သူနိုးနေပြီမှန်းသိအောင် အသံစူးစူးလေးနှင့် လာမခေါ်မချင်း လှမ်းအော်တတ်သေးသည်။သူ့ကိုချီကာ ချော့မြူလိုက်မှ ချက်ချင်းလက်ငင်း ပြုံးရယ်သွားတတ်သော အသွက်ကလေးနိုရာသည် သူ့အစ်ကိုနှင့်ခြားနားစွာ အရွယ်နှင့်မလိုက်အောင် သွက်လက်လှသော၊ လူရည်လည်သောကလေးပင် ဖြစ်လေသည်။

You are the only Exception!Where stories live. Discover now