Part-5(Uni+Zawgyi)

917 40 2
                                    

** Ultra-Love❤**

** အစွန်းရောက်အချစ် **

Part-5

အတိတ်တစ်ချို့ကိုစဥ်းစားမိရင်း... အသက်ရှူကြပ်လာသဖြင့်ဆောင်ထားသည့်.ဆေးဘူးကိုထုတ်ကာဆေးတစ်လုံးကိုအလျင်အမြန်မျိုချလိုက်ရသည်
ဒါက ဆယ်ကျော်သက်အရွယ်ကရလာခဲ့တဲ့စိတ်ဒဏ်ရာကြောင့်..စိတ်ကျရောဂါအကြီးအကျယ်ရခဲ့ပြီး စိတ်ငြိမ်ဆေးကို အမြဲဆောင်ထားခဲ့ရသည်

အသက်ရှူလေကျင့်ခန်းလုပ်ကာ စိတ်ကိုပြန်ထိန်းပြီး စက်ဘီးလေးကိုယူကာ စံအိမ်ကြီးကိုပြန်လာခဲ့လိုက်သည်..ဒီနေ့က ကျွန်တော့်ရဲ့ ၂၅နှစ်ပြည့်မွေးနေ့လေ လွန်ခဲ့တဲ့၁၃နှစ် ကျွန်တော် ၁၂နှစ်ပြည့်မွေးနေ့မှာပင် ရွက်ခတ်တ်ို့ခြံကိုလမ်းမှားရောက်ခဲ့တာ  တစ်ရက်မှမမေ့ခဲ့ပါဘူးရွက်ခတ်ရယ်

စိတ်ကျရောဂါရသွားတဲ့ကျွန်တော့် ကို မိသားစုက အရေးပေးလာကြတယ်.ကျွန်တော်ဖြစ်ချင်တာငျွန်တော်သွားချင်တာတွေအကုန်လိုက်လျောလာကြတယ် ခုဆို ကျွန်တော်ဆရာဝန်တစ်ယောက်ဖြစ်နေပါပီး ခွဲစိတ်ဆရာဝန်ကိုတော့လက်လွတ်ခဲ့ရပြီး ရိုးရိုးသမားတော်ဆရာဝန်အဖြစ်ရပ်တည်နေခဲ့ရသည်

ဒီနှစ်မွေးနေ့ကို ဒီမှာကျင်းပဖြစ်တာက ကျွန်တော် ဒီမြို့လေးရဲ့ မြို့နယ်ဆေးရုံမှာတာဝန်ရွှေ့ပြောင်းခွင့်ကျလာလို့ပါ.ကျွန်တော်အိပ်မက်ထဲကတစ်ခုပဲမလား မထင်မှတ်ထားတာက သူအသက်ရှင်နေတယ်ဆိုတာသိလိုက်ရတာပဲ ကျွန်တော်သူနဲ့ထပ်ဆုံချင်သေးတယ်. ဘယ်လိုအကြောင်း ကြောင့်သူနဲ့လွဲခဲ့ရမှန်းမသိပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်​ေတာ်လက်လွတ်မခံနိုင်တော့ပေ

" သားဘယ်တွေရောက်သွားတာလဲ အခန်းထဲ​ြကည့်တော့ သားမရှိတော့လို့မာမီတို့ကခုပဲလိုက်ရှာမလို့လေ.."

" စိတ်ချပါမာမိီသားဆေးလည်းယူသွားပါတယ်..တောင်ထိပ်နားကချယ်ရီပင်အောက်ကိုခနသွားလည်တာပါ."

ကျွန်တော့်စကားဆုံးတာနှင့် မာမီနှင့်ဒယ်ဒီ့မျက်နှာညှိုးနွမ်းကာစိတ်မကောင်းရောင်သန်းသွားကြသည်

" ဘာဖြစ်လို့လဲ.မာမီ...မျက်နှာတွေမကောင်းကြပါလား "

" သားရယ်...မာမီတို့တောင်းပန်ပါတယ်..."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now