Part-18(Uni+zawgyi)

503 11 0
                                    

**Ultra-Love💛**

** အစွန်းရောက်..အချစ် **

Part-18

တကယ်ကိုဒီတစ်ညလေးမှာ.နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တယ်...တာရာ..မင်းရှိနေတယ်ဆိုတဲ့အသိနဲ့များလား... နိုးလာတဲ့ခေတ်သစ်ရဲ့မနက်ခင်း  အတွေးမှာတောင် တာရာ.တဲ့..

ဘယ်တော့အခါမှ အချစ်ကိုမယုံကြည်ခဲ့သလို..ဘယ်တော့အခါမှလည်း လူတစ်ယော​က်ကိုချစ်ရမယ်လို့ မတွေးခဲ့ဖူးဘူး..

ကျွန်တော့်အတွေးတွေပဲကြမ်းတမ်းနေခဲ့လို့များလား..ကိုယ့်ကိုမချစ်မှန်းသိနေတာ​တောင် သူရှိနေပေးတာနဲ့တင်.အချစ်ကနူးညံ့တယ်လို့တောင်ခံယူချင်နေပြီး....

ဆိုဖာမှာအိပ်ခဲ့ရသည်မို့ အနည်းငယ်တော့ညောင်းညာမိသည် ထထိုင်ကာအကျောဆန့်ရင်း ကုတင်ပေါ်ကိုလှမ်းကြည့်တော့..စောင်ကိုသပ်သပ်ရပ်ရပ်ခေါက်းသိမ်းထားပြီး.လူကမရှိတော့ပေ
ရင်ထဲမှာ ဒိန်းခနဲ..ထူပူသွားသည်..တာရာများ.ပျောက်သွားပြီးလား..

အခန်းတံခါးကို ဆွဲဖွင့်ကာအပြင်ထွက်ရှာရင်း.ဧည့်ခန်းနဲ့မီးဖိုချောင်မှာလည်း တာရာကိုမတွေ့ပေ....

". တာရာ...တာရာ...တာရာ....."

အရူးမီးဝိုင်းသလို..တာရာများမရှိတော့ဘူးလားဆိုပြီး အော်ဟစ်ကာနာမည်လျှောက်ခေါ်နေစဥ်   အိပ်ခန်းထဲကရေချိုးခန်းကနေ သဘက်တစ်ထည်ကိုခါးပတ်ရင်း ပြေးထွက်လာခဲ့ရသည်...ခေတ်သစ်ဘာဖြစ်လို့များလဲပေါ့..

" ကိုခေတ်..ကျွန်တော်ဒီမှာ..."

မျက်ရည်ဝိုင်းလဲ့နေတဲ့မျက်ဝန်းကနေ.... တာရာကိုတွေ့တွေ့ချင်း  အရောင်တောက်လာကာ ထူပူနေတဲ့စိများလျော့ကျလာသည့်အရောင်.. တာရာကိုပြေးဖက်လိုက်မိသည်....

ရေစက်တွေဆိုနေသည့် တာရားပုခုံးပေါ်ကိုခေါင်းငိုက်စိုက်ချရင်းတင်းတင်းကြပ်ကြပ်ဖက်ထားရှာသည်

" မင်းမရှိတော့ဘူးလို့ငါထင်နေတာ....တော်​သေး ​​တယ်..မင်းရှိနေသေးလို့....."

ဒီလူသားက ဒီလို​တော့လည်း.နွေးထွေးသယောင် ပျောက်ကျမှာဆိုးလို့တင်းသထက်တင်းတင်းဖက်လာသည့်ခေတ်သစ်ကြောင့် တာရာအသက်ရှူခက်လာသည်

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now