Part-8 🚨🚨🚨(Uni+Zawgyi)

1.4K 38 3
                                    

** Ultra-Love❤**

** အစွန်းရောက်အချစ်**

Part-8🚨🚨🚨

" အင်း..ချမ်းတယ်....ချမ်းတယ်...အား.မလုပ်ပါနဲ့..မလုပ်နဲ့..မရိုက်ပါနဲ့....အင်းးအင်းချမ်းတယ်.."

တစ်ကိုယ်လုံးလည်းချွေးတွေနဲ့...အိပ်မက်ဆိုးတွေထရောင်နေသည့်ရတုလေး..

" ရတု..ရတု.ငါရှိတယ်လေ...ရွက်ခတ်လေ...သတိထားအုံး..ရတု...ရတု..."

ရွက်ခတ်အတင်းလှုပ်နှိုးခါမှ..ရတုနိုးလာခဲ့သည်...
ငြိမ်စွာဖြင့် တုန်လှုပ်နေသည့်ရတုကို ရွက်ခတ်ရင်ခွင်ထဲဆွဲသွင်းရင်းကျောလေးကိုဖြည်းဖြည်းပုပ်ကာ နှစ်သိမ့်နေရှာသည်

" ဘာမဖြစ်တော့ဘူး..ငါရှိတယ်နော်...ရတု..အိပ်မက်ဆိုးတွေကိုမေ့လိုက်နော်...."

" အင်း...ရွက်ခတ်...ငါအဆင်ပြေပါတယ်....ရေသောက်ချင်လို့..ရေခပ်ပေးပါလား..."

" အင်း..ခနနော်..."

ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားသည့်ရေကရားကရေကိုခွက်ထဲလောင်းထည့်ကာ ရတုကိုတိုက်လိုက်သည်

" ချမ်းနေသေးလား....ရတု...ခုနကချမ်းတယ်အော်နေလို့.."

" ဟအင်းမချမ်းပါဘူး...ငါအဖျားကျသွားပြီး...စိတ်မပူနဲ့တော့နော်..မင်းကို စိတ်ပူစေမိလို့တောင်းပန်ပါတယ်...ရွက်ခတ်.."

" မဟုတ်တာ..ရတုရာ..မင်းအနားမှာငါအမြဲရှိသွားမှာမို့လို့.ကြောက်စရာတွေမေ့လိုက်တော့နော်...မင်းမှာငါဆိုတဲ့ရွက်ခတ်ရှိနေသရွေ့ ဘယ်သူမှမင်းကိုမထိခိုက်စေရတော့ဘူး...."

" ဟင့်.ကျေးဇူးတင်ပါတယ်.ငါ့ကိုပြန်လက်ခံပေးလို့. ဟင့်. ဟင့်. "

" မငိုပါနဲ့ရတုရယ်..နော်..မင်းစိတ်ထဲမှာ မွန်းကြပ်ရင်ငါ့ကိုဘာမဆိုပြောပြလို့ရတယ်နော်.."

" ငါသိပါတယ်...မင်းအမေရိကားက ကိစ္စကိုသိချင်နေတယ်မလား..."

" မင်းအဆင်ပြေမှပြောပြလည်းရပါတယ်...အတိတ်ကအရာထက်.ပစ္စုပ္ပန် မှာ မင်းရှိနေပီးမို့လို့... အရာရာအဆင်ပြေတယ်နော်.."

" မင်းငါ့ကိုအရမ်းချစ်တာပဲလား....."

" ချစ်တာပေါ့....မင်းကို.ဘာနဲ့မှ နှိုင်းယှဥ်စရာမရှိလောက်အောင် ငါချစ်တယ်..ငါချစ်တာမို့လို့.မင်းကိုမင်းထိခိုက်အောင်တစ်ခုမှမလုပ်ရဘူးနော် ရတု..."

Ultra-Love❤**အစွန်းရောက်အချစ် ** (Uni+zawgyi)Where stories live. Discover now