Only you 3

2.2K 204 4
                                    

ကျွန်တော့်အိမ်က ဆိုးလ် မှာ ပဲဆိုပေမဲ့ သိတယ်မလား uni တတ်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အတူနေချင်တာမို့ ကျောင်းနဲ့နီးတဲ့နေရာမှာ သူငယ်ချင်းတွေစုနေကြတယ်

ကျွန်တော်ရယ် ၊ မင်ယွန်ဂီရယ်၊ ဂျောင်ဟိုဆော့ရယ် သုံးယောက်အတူတူစုနေကြတယ်

ကျွန်တော်တို့က ငယ်ပေါင်းတွေ
မေဂျာတော့မတူဘူး

မင်ယွန်ဂီ အဲ့ကောင်က တချိန်လုံးအိပ်နေတဲ့ကောင် ဒါပေမဲ့ အထင်တော့သွားမသေးနဲ့ ဂီတမေဂျာမှာ ဆရာကြီး အအိပ်သာမက်တယ် ဂီတလုပ်ရမယ်ဆို အရူးအမူး အဲ့နောက်ပြီး ဟင်းချက်တာလဲ အရမ်းကောင်းပဲ အဲ့တာကြောင့် အဲ့ကောင်ကြီးက မရှိမဖြစ်

ဂျောင်ဟိုဆော့ အဲ့ကောင်ကတော့ အက မေဂျာက အကတော်တာများ သူတို့မေဂျာမှာ သူက first အရီကလဲ အရမ်းသန် သူ့တစ်ခုမပြောလိုက်နဲ့ ခွက်ထိုးခွက်လန်ရီပြီ

ကျွန်တော်ကတော့ ပျော်ပျော်နေတတ်သူပေါ့ စိတ်ညစ်စရာတွေကို သိပ်ခေါင်းထဲ မထည့်တဲ့ သူ နောက်ပြီး ကိုယ်ပိုင် dad jokes တွေလုပ်တဲ့သူပေါ့ ဟားဟား

အဲ့တာတွေကြောင့်လဲ ကျွန်တော်တို့တွေ ခုချိန်ထိ စိတ်တူကိုယ်တူ ပေါဖော်ပေါဖက်တွေပေါ့ဗျာ
 
အော ဒါနဲ့ ဘေးနားမှာ ကောင်လေးက ကားပြတင်းပေါက်ဖွင့်ပြီး ဟိုကြည့်ဒီကြည့်နဲ့ မျက်လုံးလေးကိုပြူးလို့

Sj: "ဟေ့ ကောင်လေး ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲ"

Jk: "jeon Jung kook ပါ"

Sj: "Jung look , ကိုယ့်နာမည်က seokjin, Kim seok Jin
ရောက်ပြီ ကောင်လေးရေ အဲဒါနဲ့ Jung kook လို့ခေါ်မယ်နော် ဖြစ်လား မင်းက ငါ့ထက်ငယ်တာပဲ"

Jk: "ဟုတ် ခေါ်ပါ"

Sj: "ခဏလေး Jung look ah hyun တွဲခေါ်ပေးမယ်"

( ကျွန်တော်က ‌ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူဆိုတော့ လွယ်လွယ်နဲ့ ခင်တတ်ပေးမယ် ဒီကောင်လေးကျမှ ပိုပြီးခင်တွယ်မိသလို)

Sj: "Jung kook ah , ဖြည်းဖြည်းဆင်း"

တီး...တောင်
တီး... တောင်
တီး ... တောင်

Sj: "ဟာ ဟေ့ကောင်‌တွေ တံခါးလာ ဖွင့်ဟ"

"ဟျောင့် မင်းမှာ လက်မပါဘူးလားကွ"
( အဲ့တာ မင်ယွန်ဂီ အသံပင်)

Only you ( Completed )Место, где живут истории. Откройте их для себя