Only you 8

1.7K 191 8
                                    

hyun ကျွန်တော့်ကို ရှောင်နေတာကြာပြီ

ဟိုတစ်ခါ ကျွန်တော့် အိမ်ကို လာပြီးကတည်းက

ချိန်းလိုက်ရင်လဲ အလုပ်ရှိလို့ သွားစရာရှိလို့ အပြင်ရောက်နေလို့ မအားလို့နဲ့  တစ်ခါမှကို ဖမ်းလို့မမိ

hyun ဘာဖြစ်နေတာလဲ

ဒီတစ်ခါမရှောင်နိုင်အောင် hyunရဲ့ အိမ်ရှေ့မှာ သွားစောင့်နေလိုက်သည်

အလုပ်တွေ ပြီးရင်တော့ အိမ်ကို ပြန်လာမှာပေါ့
------
flashback

ဝါး အောင်မြင်နေတဲ့ အဆိုတော်ဆိုတော့
အိမ်ကြီးကလဲ တောက်ပြောင်နေတာပဲ

အပြင်အဆင်ကလဲ မဆိုးပါဘူး

(ကျွန်တော် တစ်ယောက်ထဲ ကိုယ့်ဘာသာကို မှတ်ချက်ပေးနေလိုက်သည်)

အိပ်ခန်းကရော ဘယ်လိုမျိုးလဲ

မဆိုးပါဘူး သပ်သပ်ရပ်ရပ်ရှိသား

ဒီကောင်လေး အနက်ရောင်တော်တော်ကြိုက်တာပဲ

တစ်ခန်းလုံးကို အနက်ရောင် မီးခိုးရောင်တို့နဲ့သာ အလှဆင်ထားသည်

စားပွဲခုံဆီ ရောက်တော့

ဒီကောင်လေး ဘာစာအုပ်တွေများဖတ်နေလဲ

စာအုပ်တွေကို လိုက်ကိုင်ကြည့်ရင်း

ခရမ်းနုရောင် စာအုပ်လေးဆီ မျက်စိအရောက်

လှလိုက်တဲ့အရောင်လေး

မှန်း ဘာစာအုပ်လဲ

စာအုပ်ထဲမှာ ရေးထားတဲ့  စာတွေကြောင့် ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်

hyun မျက်လုံးတွေက လှလိုက်တာ

hyun နှုတ်ခမ်းလေးတွေက ထူထူအိအိလေး ကိုက်လိုက်ရရင်ဖြင့် ဂျယ်လီလေးလို နေမှာပဲနော်

hyun ‌ခြေထောက်လိုင်းလေးတွေကလေ တကယ်ချစ်ဖို့ကောင်းတယ်

hyun ပုခုံးကျယ်ကြီးကို မှီလိုက်တိုင်း ကျွန်တော် လုံခြုံမှုကို ခံစားရတယ်

hyun သိလား hyun အစားစားရင်လေ monster ပေါက်လေးနဲ့ တူတာကို

hyun လက်ကောက်ကောက်လေးတွေက ကျွန်တော် အကြိုက်ဆုံးပေါ့

Only you ( Completed )Where stories live. Discover now