Only you 9

1.7K 180 12
                                    

ကြက်သေသေတယ်ဆိုတာ ကြားဖူးလား

ခုဖြစ်နေတဲ့ ကျွန်တော့်ပုံနဲ့ တူလိမ့်မယ်ထင်တယ်

Jk ထွက်သွားတာ ဘယ်လောက်ကြာပြီလဲတော့မသိ ကျွန်တော်က ကြောင်ကြောင်ကြီး ရပ်နေမိတုန်း

ကျွန်တော့်နှုတ်ခမ်းတွေကို ကိုင်ကြည့်မိတော့
ရင်ဘတ်အောက်က နှလုံးသားက ခုန်ပေါက်နေလေရဲ့

ဘာလဲ ဘာလဲ ဒီခံစားချက်က ဘာလဲ

ကျွန်တော်အိပ်ယာပေါ်မှာ လူးလိမ့်နေရင်း

ညနေက အဖြစ်အပျက်တွေကို ပြန်စဉ်းစားမိရင်း နှုတ်ခမ်းကို ကိုင်မိတော့

ယား Kim seok jin မင်းရူးနေလား ဘာတွေတွေးနေတာလဲ မတွေးနဲ့တော့ မတွေးနဲ့တော့

အတွေးတွေ လွင့်စင်သွားရန်အလိုငှာ ကျွန်တော့်ခေါင်းကိုပြန်ထုနေမိတော့သည်
ဟူး.... မလွယ်ပါလား jk
----

Ygi: sj မင်းကြည့်ရတာ နေမကောင်းပဲ

Sj: အေး ခေါင်းနည်းနည်းကိုက်နေလို့ပါ

Ygi: မျက်ကွင်းတွေလဲ ညိုနေတယ်

Sj: အေး ညက အိပ်ရေးနည်းနည်းပျက်သွားလို့ပါ

Ygi: အေး မင်းကတော့ ဂိမ်းကိုက်ပြန်ပြီမလား

(ဂိမ်းထက်ပိုဆိုးတယ်ကောင်ရေ ယုန်ကိုက်ခံရတာဟ)

ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် ပြန်ရီမိသည်
-----

hyun ကို မတွေ့ရတာ 3ရက် ရှိပြီ ကျွန်တော်လဲ hyun ကို ဖုန်းမဆက်သလို hyun ကလဲ ဖုန်းမဆက်ပါဘူး

hyun ဘာလုပ်နေလဲ ကျွန်တော့်ကို ဘယ်လိုထင်သွားပြီလဲ

အား...

(ကျွန်တော် အသံထွက်ပြီး အော်မိတော့ )

Jm: jk မင်းဘာဖြစ်နေတာလဲ ဒီရက်ပိုင်း မင်းကိုကြည့်ရတာ ပုံမှန်ကိုမဟုတ်ဘူး
ထိုင်လိုက် ထလိုက် ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်နဲ့ ဘာတွေ ဖြစ်နေတာလဲ

Jk: ဟိုလေ jm hyun

Jm: အင်းပြောလေ

Jk: ဘာမှ မဟုတ်တော့ပါဘူး

Jm: အော် ပြောမှာဖြင့် မပြောနိုင်ဘူး ဒါနဲ့ ဒီရက်ပိုင်း မင်း sj hyun ဆီ သွားတာလဲ မတွေ့မိဘူး ရန်ဖြစ်ထားတာလား နဂိုကဆို ဖင် တကြွကြွနဲ့

Only you ( Completed )Where stories live. Discover now