📦 Delivery 📦

2.9K 188 9
                                    

Unicode

ဟလို ... ကျနော်က Kim Seok Jinပါ ... အသက်ကတော့ ၂၃ရှိပြီ ... အလုပ်ကတော့ မုန့်တေလိုက်ပို့ပေးရတဲ့ Food Delivery သမားလေးပါ ... အင်း ... အဲ့အလုပ်က ပင်တော့ပင်ပန်းတာပေါ့ နားရက်မရှိ နားချိန်မရှိ ဆက်တိုက်တေ ပြည်သူတေ စားချင်တာ စားလို့ရအောင် လိုက်ပို့ပေးနေရတာမလို့ ... ခုတော့ တနေ့ကုန်လိုက်ပို့ပြီးသွားပြီမလို့ အိမ်ပြန်ချိန်ရောက်ပြီလေ ...

Ps : : Kim Seok Jinရေ လာဦး ...!!!

ပြန်မယ်ဆိုမှ ဘယ်ကိုပို့ခိုင်းဦးမလဲ မသိဘူး ... အီးဟီး နားချင်နေပြီကို ...

Jin : : ရောက်ပါပြီ ...

Ps : : အေးအဲ့တာဆို အိမ်မပြနိခင်လေးကို ဒီနားက McDonald's က BTS Meal လေး ဝယ်ပြီး ****** လမ်းက Customer Jeon JungKookဆီကို ပို့ပေးဦး
သူက ခုစားချင်တာ မြန်မြန်လာပို့ပါဆိုလို့ ... အမြန်သွားနော်

Jin : : ဟုတ်ကဲ့ပါ ကျနော် ခုပဲ ဝယ်ပြီး ပို့ပေးလိုက်ပါမယ်

ဟင်း ... ဘလိုလူလဲမသိဘူး ဆိုင်ပိတ်ချိန်မှလည်း မှာသေးတယ် အမြန်လည်း လာခိုင်းသေးတယ် ... သူများ နားနေရတော့မယ့် အချိန်မှကွာ

————————————————————————

Jk' side : :
ကျွန်တော်က Jeon JungKook ပါ အသက်ကတော့ ၂၅ ကျွန်တော့်အလုပ်ကတော့ ၁၀၉ ၁၁၀ အလုပ်မရှိ အကိုင်မရှိ ... အလုပ်မရှိဘူးဆိုလို့ အနေဆင်းရဲ အစားဆင်းရဲတော့မဖြစ်ဘူးနော် ... ကျနော့်မိဘတေမသေခင် သုံးမကုန်တဲ့အမွေတေ ပေးသွားတာမလို့ အေးဆေးနေနိုင်တာ ... အမ်း ... ကျွန်တော့်မှာ ရီးစားတော့ မရှိဘူး ဒါပေမယ့် ကြိုက်နေတဲ့သူတော့ ရှိတယ် ... သူက မိန်းကလေးတော့မဟုတ်ဘူး မုန့်တေလိုက်ပို့ပေးရတဲ့ ကောင်လေးတယောက် ... သူနဲ့တွေ့ပုံကတော့ ...

ကျနော် တနေ့ကြ ညပိုင်းကို တညလုံးဂိမ်းထိုင်ဆော့ထားတာကြောင်း မနက်ကို နောက်ကျမှ အိပ်ယာနိုးလာခဲ့တယ်လေ ... မနက်စာနဲ့ နေ့လည်စာကို ချက်ဖို့လည်း ပျင်းနေတာကြောင့် မှာစားရာကနေ တွေ့ကြတာပေါ့ဗျာ ... မြင်မြင်ချင်းအချစ်ဆိုတာ ခုမှပဲ ယုံတော့တယ် ... ဘယ်မှာမှတောင် မတွေ့ဘူးတဲ့ လူတယောက်ကို မုန့်လာပို့တဲ့အချိန် တခနလေးအတွင်းမှာပဲ ချစ်မိသွားခဲ့တယ် ...

🐰 JinKook Short Stories Collection 🐹Where stories live. Discover now