In Another Life 💔

912 93 15
                                    

* ဒုန်း *

တံခါးကို ကြမ်းတမ်းစွာ ဖွင့်ပြီးတာနဲ့ လွန်စွာဒေါသထွက်နေသော ကောင်လေးတစ်ယောက်မှာ ကုတင်ထက်တွင် အိပ်ပျော်နေသော ကောင်လေးနှစ်ယောက်ဆီသို့ လျှောက်လာပြီး ကုတင်ထက် အဝတ်မဲ့စွာ အိပ်ပျေည်နေသော ကောင်လေးအား လက်ကောက်ဝတ်မှ ဆွဲကာ ကုတင်ပေါ်မှ ဆွဲချသည် ...

အိပ်ပျော်နေသောကောင်လေးမှာလည်း အိပ်နေစဉ် အကြမ်းအတမ်းကုတင်ပေါ်မှ ဆွဲချခြင်း ခံလိုက်ရတာကြောင့် ကြမ်းပေါ်တွင် ခွေခေါက်ကာ ကျသွားပြီး ဘာကြောင့်လဲ မော့ကြည့်လိုက်တော့ သူ့အား စူးရဲစွာ စိုက်ကြည့်နေသော သူ့ကောင်လေး JungKook ...

"Jung ... JungKook ... ဘာဖြစ် ..."

"Kim Seok Jin !!"

သူမပြောခင် JungKookမှာ ပိတ်အော်လိုက်တာကြောင့် ကိုယ်လေးမှာ ကျုံ့ပင်သွားရသည် ... Jk၏ အော်သံကြောင့် ကုတင်ပေါ်တွင် အိပ်ပျော်နေသေးသော Jihoonမှာလည်း အလန့်တကြားဖြင့် ကုန်းရုန်းထလာသည် ...

Seokjinမှာလည်း ခုမှ Jihoonနှင့် သူ၏ ဖြစ်နေသည့် ပုံကိုသတိရသွားကာ ... Jkအထင်လွှဲသွားမှန်းသိတော့သည် ... ဒါပေမယ့် Jkထင်နေသလိုမဟုတ်တာ သူတို့နှစ်ယောက် အသိဆုံး ...

"ကု မ ... မဟုတ်ဘူးနော် ... မင်းထင်သလိုမဟုတ်ဘူး ... ငါ ... ငါပြောတာ နားထောင် ..."

"ဘာကို နားထောင်ရမှာလဲ ပြောစမ်းပါဦး ... ခု ... ငါ့ ... ငါ့ရှေ့မှာ မျက်မြင်တွေ့နေရတာလေ ... ဘာကို မဟုတ်ဘူး ငြင်းချင်သေးတာလဲဟမ် ... Kim SeokJin ငါမင်းကို အရမ်းယုံခဲ့ အရမ်းချစ်ခဲ့တာကို မင်းမို့လုပ်ရက်တယ်"

"မဟုတ်ဘူး ... ကု ... ကျေးဇူးပြုပြီး မင်းထင်သလိုမဟုတ်တာမို့ ... ငါ့ကိုယုံကြည်ပေးပါ"

"ဆောရီးပဲ Kim Seok Jin ... မျက်မြင်တွေ့နေရတာတောင် ယုံခိုင်းနေရအောင် ငါအဲ့လောက် မအဘူး ပြီးတော့ မင်းနဲ့ဌာတ်လမ်းက ဒီမှာတင်ပြီးပြီ ... အာ့ကြောင့် ခင်ဗျားရဲ့ကောင်လေးနဲ့ ဆက်ပြီးပျော်ပါးလိုက်ပါဦး ကျနော့်ကိုလည်း ခွင့်ပြုပါဦး"

🐰 JinKook Short Stories Collection 🐹Where stories live. Discover now