✨Angel✨ (Extra)

894 106 28
                                    

Jin လူတစ်ယောက်အဖြစ် ပြောင်းသွားပြီးကတည်းက ... နိုးလာတဲ့အချိန် သူနဲ့ပက်သက်သည့်ကြောင်းအရာများကလွှဲလို့ ကျန်တာမမှတ်မိတော့ဘူး ... နတ်သားဆိုတာကိုပါ လုံးဝမသိတော့ဘူး ... ဒီတိုင်းငယ်ငယ်ကတည်းက လူတစ်ယောက်အဖြစ်ပဲ မွေးလာခဲ့တယ်ပဲ ထင်နေတာ ...

ဒီလိုလေးလဲ ကောင်းပါတယ်လေ ... ခုဆ်ုရင် Jinက အရင်ကထက်လည်း ပိုပြီးချွဲလာတယ် ... တနေ့ထက်တစ်နေ့ ကလေးဆန်လာပြီး ပိုပိုပြီးလည်းချစ်ဖို့ကောင်းလာတယ်လေ ... တခါတလေ သူနဲနဲအသံမာမာလေးနဲ့ ပြောလိုက်မိပြီဆိုရင် တနေ့ကုန် စကားလာမပြော အစာမစားပဲ နေတာ ... ဘလောက်ချော့ချော့ အဲ့ဆူမိတဲ့တနေ့ကတော့ လုံးဝလှည့်မကြည့်ဘူးပဲ ...

နောက်နေ့မှပြန်ပြီး ... သူကြိုက်တဲ့ မုန့်လေးတေနဲ့ ချော့မှ စိတ်ကောက်ပြေတတ်တာ ... ကျနော်ကတော့ တခါမှစိတ်မကောက်ဖူးပါဘူး ... မကောက်နိုင်တာဆို ပိုမှန်မယ် ... ကောက်လည်း Puppy Eyeလေးတေနဲ့ လာလာကြည့်ရင် ကိုယ့်မှာ စိတ်ကောက်မယ့်အရေးက နေရာမှာတင်အရည်ပျော်ကျသွားတာကြောင့် ဘယ်ကမ္ဘာရောက်လို့ရောက်သွားမှန်းမသိ ...

"Koo Jinnieဗိုက်ဆာပြီ"

"ကိုယ်လည်း ခုပဲ ဟောဒီကJinnieလေးအတွက် ချောကလက်ကိတ်လေး လုပ်ပြီးသွားပါပြီဗျာ ... "

"အသဲပုံချောကလက်လေးတေနဲ့ စားချင်စရာလေးကွာ Kooက အရမ်းတော်တာပဲ"

"Jinnieလေးက သဘောကျလို့လား"

"ဟုတ် Jinnieက ချောကလက်ဆို အရမ်း အရမ်းကြိုက်တာ"

"ဟုတ်ပါပြီ ကလေးရဲ့ ... ခုတော့ စားကြမယ်လေ"

(မနှစ်က Jinလေးရဲ့ Birthday CakeကိုKookကိုယ်တိုင်ပြင်ပေးနေရတာမြင်တော့ ကြည်နူးနေမိတယ်🥺)

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

(မနှစ်က Jinလေးရဲ့ Birthday CakeကိုKookကိုယ်တိုင်ပြင်ပေးနေရတာမြင်တော့ ကြည်နူးနေမိတယ်🥺)

🐰 JinKook Short Stories Collection 🐹حيث تعيش القصص. اكتشف الآن