အခန်း (17)မာရှယ့်အကြောင်းလေ့လာမှု မှတ်စု

4.5K 871 50
                                    


ကျွန်တော့်နာမည်က ရိုင်နာအာဒမ် ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော့်မိဘတွေက
မာရှယ်ရိုင်နာဟာ့ဒ် ရဲ့ အမာခံပရိတ်သက်ဖြစ်ပါတယ်။ကျွန်တော့အသက် 28နှစ်ရှိပါပြီ။ ကျွန်တော့ကို မာရှယ်ရိုင်နာဟာ့ဒ် သေဆုံးခဲ့တဲ့နှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
ကျောင်းတက်စဉ်အခါက ကျွန်တော်နဲ့ Same Batch တွေထဲမှာ ရိုင်နာ ဆိုတဲ့နာမည်တူအနည်းဆုံး တစ်ဒါဇင်လောက်ရှိခဲ့ပါတယ်။

ကျွန်တော့်မိဘတွေက ကျွန်တော့်ကို မာရှယ်ရိုင်နာဟာ့ဒ် လိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ ဒီနာမည်ကိုပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ Idol ကတော့ မာရှယ်ရှို့ရီထယ့် ဖြစ်ပါတယ်။

လူသားမဟာမိတ်သမိုင်းတစ်လျှောက် အသက်ကယ်ဆုံး မာရှယ်ရာထူး ရရှိထားတဲ့
ရှို့ရီထယ့်ရီးစ် က မာရှယ်ရိုင်နာဟာ့ဒ် နဲ့ မတူပဲ အငြင်းပွားဖွယ်စရိုက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။မာရှယ်ရာထူးကို အပ်နှင်းခံရတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး သံမဏိလိုမာကြောတဲ့ တပ်မဟာအသီးသီးကို သူ့ရဲ့လက်အောက်ခံအဖြစ်သိမ်းသွင်းခဲ့ပါတယ်။ဒါကို လက်မခံနိုင်တဲ့ ခေါင်းဆောင်အချို့က ပုန်ကန်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မာရှယ်ရှို့ရီထယ့် ရဲ့ အင်အားပြည့်ဖိနှိပ်မှုကိုသာခံစားလိုက်ကြရတယ်။

သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် လူထုရဲ့အမြင်ကလဲရှုပ်ထွေးနေခဲ့ပါတယ်။

အကောင်းဘက်ကလှည့်တွေးရမယ်ဆိုရင်တော့ သူက စစ်တပ်ရဲ့ ရေဆိုးရေညစ်တွေကို သန့်ရှင်းသွားစေခဲ့ပါတယ်။ဒါတွေပြီးတဲ့နောက်မှာ အောက်ခြေကနေအထက်ပိုင်းထိ စစ်တပ်တစ်ခုလုံးက zerg တွေကို နှိမ်နင်းတိုက်ခိုက်ဖို့အားထုတ်ကြိုးပမ်းခဲ့ကျပါတယ်။အရင်းအမြစ်ချို့တဲ့တဲ့ Glaxy တွေဆီ Zerg တွေကို မောင်းထုတ်ခဲ့ပြီး နောက်ထပ် Queen အသစ်မမွေးဖွားနိုင်တော့အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါမှလဲ Zerg တွေက လူသားတွေကို နှောက်ယှက်တိုက်ခိုက်ဖို့ခွန်အားမဲ့ကုန်ကျမှာပါ။

တစ်ဖက်မှာတော့ ရှို့ရီထယ့် က အကြွင်းမဲ့အာဏာကိုဆုပ်ကိုင်ထားပြီး စစ်တပ်တစ်ခုလုံးကို သူ့ကိုယ်ပိုင်ဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်။

How to die as heavy as mount TaiWhere stories live. Discover now