အခန်း(37.2)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

3K 618 39
                                    

ကောင်းကင်မိုးကြိုးတွေကွယ်ပျောက်သွားတဲ့အခါ ကောင်းကင်ယံမှာ တိမ်တွေတဖြည်းဖြည်းရှင်းလင်းသွားတယ်။ရွှေရောင်အလင်းတန်းကြီးတစ်ခုက တိမ်တွေကို ကန့်လန့်ကာသဖွယ်ဖယ်ထုတ်လိုက်ပြီး အနက်ရောင်မြွေကြီးပေါ်ကိုဖြာကျလာတယ်။ကုသိုလ်တရားနဲ့သီလစင်ကြယ်ခြင်းအစွမ်းတွေပါဝင်တဲ့ ရွှေရောင်အလင်းတန်းက အနက်ရောင်မြွေကြီးရဲ့ခန္ဓာကိုယ်နဲ့စိတ်
ဝိညာဉ်မှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပြီး အထက်ဘုံလောကကိုခေါ်ဆောင်သွားဖို့ ရောက်လာတာဖြစ်တယ်။

မှန်ကန်တဲ့ကျင့်ကြံခြင်းခရီးလမ်းကိုနှစ်တစ်သောင်းကြာအောင်လျှောက်လှမ်းခဲ့တဲ့ နတ်ဆိုးဘုရင်က အပြစ်ကင်းတဲ့သက်ရှိတွေကိုဘယ်တော့မှ ထိခိုက်နာကျင်အောင်မလုပ်ခဲ့သလို၊နတ်ဆိုးမျိုးနွယ်ကိုလဲနှစ်ထောင်ပေါင်းများစွာကာကွယ်စောင့်ရှောက်ခဲ့တယ်။ဒါ့ကြောင့်ရွှေရောင်အလင်းတန်းမှာပါဝင်တဲ့စွမ်းအားတွေက တောက်ပပြီအရမ်းကို သန့်စင်နေတယ်။

ဒီလူတွေမှာအရင်က ဘာအကြံစည်တွေပဲရှိနေပါစေ၊အခုလိုစွမ်းအားဉပဒေသကို မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အခါ သူတို့လဲဒီလိုမျိုး အထက်ဘုံလောကဆီကိုတက်လှမ်းချင်တဲ့ဆန္ဒကနှလုံးသားရဲ့အောက်ခြေကနေ အထက်ကိုဆန်တက်လာတယ်။

အနက်ရောင်မြွေကြီးရဲ့နောက်ထပ်လှုပ်ရှားမှုက လူတိုင်းကို Shock ရသွားစေတယ်။ရွှေရောင်အလင်းတန်းနောက်ကိုလိုက်ပြီး အထက်ဘုံကိုတက်လှမ်းရမယ့်အစား ပါးစပ်ကိုဖွင့်ပြီး အမြူတေကိုအန်ထုတ်လိုက်တယ်။အမြူတေက နှစ်ပိုင်းကွဲသွားပြီး တစ်ပိုင်းကနတ်ဆိုးနယ်မြေဘက်ကို အရှိန်နဲ့ပျံဝဲသွားတယ်။

ထိုပျံဝဲသွားတဲ့အမြူတေတစ်ပိုင်းက မြေခွေးဘုရင် ရှီးရှီး ရဲ့ဒန်တျန်ထဲကို နှစ်မြှုပ်ပျောက်ကွယ်သွားခဲ့တယ်။လေးနက်အက်ကွဲနေတဲ့အသံတစ်ခုက လေထဲမှာပျံ့လွှင့်လာတယ်။

"ရှီးရှီး နတ်ဆိုးနယ်မြေကို မင်းလက်ထဲကိုအပ်ခဲ့ပြီ၊ကျေးဇူးပြုပြီး ကာကွယ်စောင့်ရှောက်ပေးပါ။နတ်ဆိုးမျိုးနွယ်တွေရဲ့ဂုဏ်သတင်းကိုမှေးမှိန်အောင်မလုပ်ဖို့ ငါမျှော်လင့်ပါတယ်။ခေါတ်တွေအဆက်ဆက်ဖြတ်သန်းသွားတဲ့အထိ နတ်ဆိုးမျိုးနွယ်တွေရဲ့အမွေအနှစ်တွေကိုအဓွန့်ရှည်အောင်ထိန်းသိမ်းပေးပါ"

ထိုအခါမှသာ ရှီးရှီး တစ်ယောက်ထိတ်လန့်နေရာကနေသတိဝင်လာပြီး ဘုရင်ကြီးရဲ့ရည်ရွယ်ချက်ကိုခန့်မှန်းမိတော့တယ်။

"အရှင် မလုပ်လိုက်ပါနဲ့!!!!"

အခုဆို နတ်ဆိုးဘုရင်ကြီးကဒီတစ်လောကလုံးမှာ စွမ်းအားအကြီးဆုံးဖြစ်သွားခဲ့ပြီ၊သူဆန္ဒရှိတာကိုဘယ်သူကများတားဆီးနိုင်မှာလဲ?နတ်ဆိုးဘုရင်က ကျန်တဲ့အမြူတေတစ်ဝက်ကို မြိုချလိုက်ပြီး လေထဲမှာစက်ဝိုင်းသဏ္ဍာန်ပျံဝဲလိုက်တယ်။သူ့ကိုယ်ပေါ်က အနက်ရောင်အကြေးခွံတွေကွာကျလာခဲ့တယ်။

နတ်ဘုရားတစ်ပါးဖြစ်သွားတဲ့ နတ်ဆိုးဘုရင်ကြီးရဲ့အကြေးခွံတွေ တန်ဖိုးမဖြတ်နိုင်လောက်တဲ့ရတနာတွေပါပဲ။မြေပေါ်ကျသွားတဲ့ အကြေးခွံတွေက တားမြစ်ကျောက်တိုင်ဘေးနားမှာထိုးစိုက်ကုန်ကြပြီး မိုးထိအောင်မြင့်တဲ့ကျောက်တုံး၊ကျောက်စိုင်တွေအဖြစ်ပြောင်းလဲသွားကြတယ်။ကျောက်တုံး၊ကျောက်စိုင်တစ်ခုချင်းစီမှာ ဆန်းကြယ်တဲ့ဖိအားတွေကိန်းဝပ်နေတယ်။
ထိုအရာတွေလူသားတွေနဲ့နတ်ဆိုးတွေရဲ့နယ်နိမိတ်ကို ချိန်းကြိုးတွေသွယ်ယှက်ထားဟန်ပိုင်းခြားထားလိုက်ခြင်းဖြစ်တယ်။အခုချိန်ကစပြီးနတ်ဆိုးတွေအသိအမှတ်ပြုလက်ခံတဲ့လူသားနဲ့ နတ်ဆိုးတွေသာလျှင် ထိုကျောက်တုံးတောအုပ်ကိုဖြတ်ကျော်နိုင်တော့မှာဖြစ်တယ်။

အရာအားလုံးကိုစီမံပြီးတဲ့အခါ နတ်ဆိုးဘုရင်ကြီးရဲ့ရွှေရောင်ဒေါင်လိုက်အစင်းကြောင်းတွေနဲ့မျက်ဝန်းတစ်စုံက ဉီးတည်ရာတစ်ခုကို ခဏတာမျှငေးစိုက်ကြည့်နေခဲ့တယ်။အဲ့နောက် ရွှေရောင်အလင်းတန်းနဲ့အတူ ဖန်ရင်း ဘုရားကျောင်းရှိရာဆီကို ပျံသန်းသွားပါတော့တယ်........

ခဏကြာတဲ့အခါမှာ "ပြည်မကြီးရဲ့မူလအရင်းမြစ်"ရဲ့ ပုံရိပ်ယောင်ခန္ဓာကိုယ်ဖြစ်တဲ့ ကျောက်တုံးသစ်ပင်ဘေးမှာ အနက်ရောင်မြွေကြီးတစ်ကောင် ပေါ်လာခဲ့တယ်။ထိုမြွေကြီးက ကျောက်တုံးသစ်ပင်ကို စက်ဝိုင်းသဏ္ဍာန်ရစ်ပတ်လိုက်တဲ့အခါ ရွှေရောင်အလင်းတန်းမှာ ပါဝင်တဲ့ စွမ်းအားဉပဒေသတွေက သစ်ပင်ထဲကို တဖြည်းဖြည်းစိမ့်ဝင်သွားတယ်။မြွေကြီးရဲ့ခန္ဓာကိုယ်အရောင်ကလည်း တဖြည်းဖြည်းမီးခိုးရောင်သန်းလာပြီး သစ်ပင်နဲ့အတူပေါင်းစည်းသွားခဲ့တယ်။

မကြာသေးခင်က လောကတစ်ခွင်ကိုဖြန့်ကျက်ထားတဲ့ ပူဆွေးဝမ်းနည်းဖွယ်ခံစားချက်တွေအစားအသစ်တစ်ဖန်ပြန်လည်ရှင်သန်လာတဲ့ ပျိုမြစ်လန်းဆန်းခြင်းခံစားချက်တွေအစားထိုးဝင်ရောက်လာတယ်။

လုဟန် သူနဲ့ရင်းနှီးနေတဲ့ သေးငယ်တဲ့ Space လေးထဲကို နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့ပြီ။ဒါပေမယ့်အရင်အခေါက်ကလို Mission ပြီးမြောက်ခဲ့တဲ့ကမ္ဘာရဲ့ဖြစ်စဉ်တွေကို အလောတကြီးကြည့်ချင်စိတ်ရှိမနေဘူး။ဖန်ရင်း ဘုရားကျောင်းအောက်ခြေကို ဆင်းပြီး စတေးခံခဲ့တဲ့ နောက်ဆုံးအချိန်ရောက်သည့်တိုင် သူ့အတွေးတွေထဲမှာ ပုံရိပ်တစ်ခုကိုပဲစွဲစွဲမြဲမြဲမှတ်မိနေခဲ့တယ်။

//မဖြစ်နိုင်ပါဘူးလေ၊ပါ့ရှယ်မျိုးနွယ်တွေရဲ့မွေးရာပါစွမ်းရည်ကို အလွယ်တကူမချိုးဖြတ်နိုင်လောက်ပါဘူး//

လုဟန်သူ့ကိုယ်သူနှစ်သိမ့်လိုက်တယ်။

လက်ထောက်ငယ်လေးကတော့ လေထုထဲမှာပုံရိပ်တစ်ချို့ကို ကျွမ်းကျင်စွာပြသပေးနေခဲ့တယ်။

အမြီးကိုးချောင်းမြေခွေးဘုရင် ရှီးရှီး က လုဟန်ရဲ့အရိုက်အရာကိုဆက်ဆံပြီး နတ်ဆိုးဘုရင်ဖြစ်လာခဲ့တယ်။အခုဆိုရင်သူမက ပိုပြီးရင့်ကျက်တည်ငြိမ်လာခဲ့ပြီ။လုဟန် ပေးခဲ့တဲ့အမြူတေတစ်ဝက်ကြောင့် သူမရဲ့စွမ်းအားက လူသားမျိုးနွယ်တွေထဲက ထိပ်တန်းအဆင့်ကျင့်ကြံသူတွေထက်တောင် သာလွန်နေတယ်။သူမရဲ့ ဂရုတစိုက်စီမံမှုတွေကြောင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ခွန်အားကလဲတရိပ်ရိပ်မြင့်တက်လာခဲ့တယ်။ နတ်ဆိုးမျိုးနွယ်တွေရဲ့အနိုင်မခံအရှုံမပေး၊စိတ်ဓာတ်ပြတ်သားမှုကြောင့် နတ်ဆိုးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသုံးပြီး ဆေးဖော်တာတွေ၊မှော်လက်နက်သန့်စင်တာတွေကို ဘယ်လူသားကျင့်ကြံရေးဂိုဏ်းကမှ မလုပ်ရဲကြ
တော့ပါဘူး။

မျိုးဆက်သစ်နတ်ဆိုးတိုင်း ကလန်ရဲ့ပညာရေးကို သင်ယူဖို့ ကျောင်းတက်ရတဲ့အခါ ပထမဆုံးသင်ကြားရမယ့် သင်ခန်းစာက နတ်ဆိုးမျိုးနွယ်ကိုကာကွယ်ပေးထားတဲ့ကျောက်တုံးတောအုပ်ဖြစ်ပေါ်လာပုံအကြောင်းနဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့စွမ်းအားအရှိဆုံး၊အရဲရင့်ဆုံးနတ်ဆိုးဘုရင်ကြီးရဲ့အကြောင်းတွေဖြစ်တယ်။

လူသားမျိုးနွယ်တွေကလဲ နတ်ဆိုးဘုရင်ကြီးကို နည်းနည်းလောက်တောင် မကောင်းကြောင်းမပြောရဲကျတော့ပါဘူး။အထက်ဘုံကိုတက်လှမ်းရမယ့်အစား ခန္ဓာကိုယ်ရောစိတ်ဝိဉာဉ်ကိုပါစတေးပြီး ပြည်မကြီးကိုကယ်တင်ပေးခြင်းကို ဘယ်သူကများ လုပ်ဆောင်နိုင်မှာလဲ။

How to die as heavy as mount Taiजहाँ कहानियाँ रहती हैं। अभी खोजें