♡ Part - 6 ♡

7.6K 562 157
                                    

Unicobe

သူလဲ ကိုကို့အပေါ် စိတ်ယိုင်နေမိပြီထင်တယ် ဘာပဲဖြစ်ဖြစ် သူကိုိကို့ကိုမုန်းချင်မိတယ် မုန်းလို့မရတော့လဲခက်သား ...။

" ဂျွန် ~ ကိုယ်အလုပ်သွားတော့မယ်နော် "

" ဟုတ် "

ဂ‌ျွန်ဟာ သူ့ကိုစိတ်ဆိုးပြေပြီထင်၊ သူပြောတာကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ခေါင်းငြိမ့်‌ပြနေတာ ...။

" လူကိုအမြဲအသည်းယားအရမ်းလုပ်တဲ့ဂျွန်ကို အပြစ်ပေးရမယ် ပြွတ်စ် "

ထယ်ယောင်း ဂျောင်ကုရဲ့နှုတ်ခမ်းပါးတွေကိုနမ်းရှိုက်လိုက်သည် ဂျောင်ကုဘက်ကလဲမသိမသာတုန့်ပြန့်လာတာမို့ နမ်းနေရင်းပြုံးမိသေး ...။

အချိန်ကြာစွာ အနမ်းတွေကိုရှေ့ဆက်‌ရင်း မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရသည် ...။

တီ တီ ...။

ကုမ္မဏီကိုရောက်ရောက်ချင်း ဖုန်းဝင်လာတာမို့ ထယ်ယောင်း ကိုင်လိုက်သည် ...။

" Hello "

ကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ " ဟယ်လို "ဆိုတဲ့အသံလေး၊ ဒီအသံကိုသူရင်းနှီးနေသလိုပဲ ...။

" ဘယ်သူလဲ ? "

" ကိုကိုကလဲ မမှတ်မိတော့ဘူးလား မင်ဂျွန်းလေဗျာ "

" မင်ဂျွန်း! "

မင်ဂျွန်းက သူညီလေးတစ်ယောက်လို ခင်ရတဲ့သူ၊ သူတို့မိဘတွေကဂျပန်ကိုပြောင်းသွားတော့ မင်ဂျွန်းပါလိုက်သွားခဲ့ရတယ် ပြီးတော့ သူဖုန်းနံပါတ်ကိုဘယ်လိုလုပ်ရတာလဲ ?

" ဟုတ်တယ်လေ ဟွန့် ကိုကိုက မင့်ကိုမေ့သွားပြီပေါ့ "

" ဟာ ဒီကောင်လေးတော့...ဖုန်းထဲကနေတောင် ရန်တွေ့နေသေးတယ် "

ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့သူတွေမို့ တစ်ယောက်နဲ့တစ်ယောက်စနောက်တက်တဲ့အကျင့်ဟာလဲ ခုထိမပျောက်သေး ...။

" ဟီး အဲ့လိုမဟုတ်ပါဘူး ပြီးတော့ ကိုကို့ဖုန်းနံပါတ်ကိုရဖို့ တော်တော်ပေးလိုက်ရတယ်သိလား "

" ဟုတ်ပါပြီ အခုဆက်တာက ... "

" ကိုရီးယားကို ပြန်လာမို့ ကိုကို့ကိုလာကြိုခိုင်းမို့ "

🚨 I Never Hate You 🚨Where stories live. Discover now