Unicobe
တီ တီ ...။
ဆေးရုံ ခွဲစိတ်ခန်းထဲ နှလုံးခုန်စက်သံကလွဲလို့တိတ်ဆိတ်နေသည် ...။
ဂျောင်ကုမှာလဲ ခွဲစိတ်ခန်းရှေ့ ရုပ်ကျိုးပျက်သလိုထိုင်နေပြီး ငိုနေရုံကလွဲလို့မတတ်နိုင် ...။
" အဟင့်! တောင်းပန်ပါတယ် ကိုကိုရယ် ကျနော်ကြောင့်ပါ အရာအားလုံးကျနော့်ကြောင့်ပဲဖြစ်ခဲ့တာ အဟင့်! ဟင့် "
ရင်ဘတ်ကိုလက်သီးစုပ်ဖြင့် တဘုန်းဘုန်းထုရင်း သူ့ကိုယ်သူအပြစ်တင်နေမိသည်၊ အသံတွေဟာလဲတုန်ရီလို့ ...။
" ကျနော့်ကိုသိပ်ချစ်တဲ့ကိုိကို့ကိုမှ မုန်းတယ်ဆိုတဲ့စကားကိုပြောမိတာ ကိုကို ဘယ်လောက်နာကျင်ရမလဲ ဒီကောင့်အမှားတွေချည်းပါပဲ
ကိုကို အသက်ရှင်နေပေးပါ ကျနော့်ကိုချစ်ရင် ပြန်ကောင်းလာပေးပါ ကျေးဇူးပြု၍ ... "
အချိန်တွေအတော်ကြာတော့မှ ခွဲစိတ်ခန်းထဲကထွက်လာတဲ့ဒေါက်တာ ...။
" ဒေါက်တာ လူ...လူနာရဲ့အခြေအနေလေး "
" စိတ်အေးအေးထားပေးပါ လူနာက သွေးအားနည်းနေလို့ သွေးလိုအပ်နေပါတယ် သွေးကလဲရှာပါးသွေး ABဆိုတော့ ... "
" ABသွေး!! "
" သူဌေးလေး! "
" အိမ်တော်ထိန်းအွန်း "
ဆေးရုံရောက်ရောက်ချင်း အိမ်တော်ထိန်းအွန်းကိုဖုန်းဆက်ထားသည်၊ အခုလဲ ပြေးလာတဲ့အိမ်တော်ထိန်းအွန်း ...။
" အိမ်တော်ထိန်းအွန်း ကိုကို ... ကိုကိုကလေ သွေးအားနည်းနေလို့သွေးလိုအပ် ... "
စကားတောင်မဆုံးသေး ...။
" သူဌေးလေးက ABသွေး ဟုတ်ပြီ ဒေါက်တာ ကျနော်က ABသွေးပါ ကျနော်ဆီကယူပါ "
ဒေါက်တာလဲခေါင်းငြိမ့်ပြပြီး အိမ်တော်ထိန်းအွန်းကို ခေါ်သွားသည် ...။
သူ အိမ်တော်ထိန်းအွန်းကိုစိတ်ထဲကနေ ကျေးဇူးတင်မိသည်မှာဘယ်နှစ်ခါမှန်းမသိတော့ ...။
အချိန် 4နာရီကြာပြီးသည့်နောက် ...။
ဆေးရုံကုတင်ထက် ဆေးပိုက်တမ်းလမ်းနဲ့ ငြိမ်းချမ်းစွာ အိပ်စက်နေတဲ့ချစ်ရသောလူသား ...။
YOU ARE READING
🚨 I Never Hate You 🚨