👬🏝👬
" ရက်စက်လိုက်တဲ့ မိုးနတ်မင်းရယ် ၊ ကျွန်တော့်
မှာလေ မကြီးမငယ်နဲ့ ပြောမကောင်း
ဆိုမကောင်း မျောက်လောင်းသုံးကောင်ကို
ထိန်းရတာနဲ့တင် စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းလို့ ၊ နောက်ထပ် အချစ်ဆိုတာကြီး သံယော
ဇဉ်ဆိုတာကြီးနဲ့ ဝေးအောင်ကို ရှောင်နေရတာပါဗျာ ၊ အဲလိုလူကိုမှ စပ်စလူး နတ်ပူးနေတဲ့
ကောင်လေးနဲ့ ဖူးစာဆုံပေးရတယ်တဲ့လား "👬 🏝 👬
" ကျွန်တော် အညို့ ကိုချစ်တယ် "
" ဘာ! !!!! မင်းက ဘယ်သူ့ကို့ ချစ်တာ "
" အညို့ ကို ချစ်တာပါဆို "
" ငါ့ကို! !!! ဟုတ်လား "
" ဟုတ်တယ် !!!! ဟုတ်တယ် !!!!! ခင်ဗျားကို "
" နေပါဦး ဘာလို့ ငါ့ကိုချစ်တာလဲ "
" ခင်ဗျားမို့လို့ချစ်တာ အကြောင်းပြချက်မရှိဘူး "
" အကြောင်းပြချက်မရှိဘဲ ဘယ်လိုချစ်သွားတာ
တုန်း"" ဘယ်လိုကြောင့် ချစ်သွားတာပါဆိုတဲ့ အကြောင်း
ပြချက်မရှိပါဘူးဆို အညို ဖြစ်နေလို့ချစ်တာ
ခင်ဗျား မို့လို့ကိုချစ်သွားတာ "" အေးလေ ငါက ဘာမို့လို့ ချစ်သွားရတာလဲလို့ "
အမေရေ! !!! အမေရဲ့! !!!! သားဘဝကိုလာကြည့်
ပါဦးဗျာ ။ မုန့်လုံးကို စက္ကူကပ်လိုက်တာကမှ
ခွာစားလို့ရရင်ရဦးမယ် ။ ကျွန်တော် ဒီ
လောက်ဒုံးဝေးတဲ့လူကြီးကို ဒီတစ်သက် ခွာစားလို့ အဲ မှားလို့ ချစ်ခွင့်ပန်ဖို့ အဆင်ပြေပါဦးမလား ။ အပြင်သုံးဆယ့်ခုနှစ်မင်း အတွင်းသုံးဆယ့်ခုနှစ်မင်း ရှိရှိသမျှနတ်မင်းတွေပါ ကယ်တော်မူကြပါဗျို့ ။👬 ချစ်သော .... အညို 👬
Fic နာမည်လေးက စိတ်ဝင်စားစရာ မကောင်းဘဲ
ရိုးရှင်တယ်လို့ ခံစားရမယ်ထင်ပါရဲ့ ။ အရိုးရှင်းဆုံးအရာတွေဟာ အချိန်ကြာလည်း ရိုးမသွားဘူးဆိုတဲ့စကားလေးအတိုင်း အမရဲ့ ဒုတိယမြောက် Fic
လေးဟာဆိုရင်တော့ တကယ်ကို ရိုးရှင်တဲ့
ကောင်လေးနှစ်ယောက်ရဲ့ ကြားထဲက ချစ်ခြင်းတရားကို ဘာအချိုးအကွေ့မှမပါ ၊ ဘယ်သူမှဇာတ်
မနာဘဲ ပေါ့ပေါ့ပါးပါး ပုံစံမျိုး အဖြစ်သာ ရေးဖွဲ့ခဲ့ပါ
တယ် ။
YOU ARE READING
ချစ်သော .... အညို # ချစ်သော ... အညိဳ (Completed)